"သားတို့သမီးတို့မသိတာရှိရင်မေး"
"ဘာမှကြောက်စရာမလိုဘူး ကြောက်နေရင်လည်းဘာမှတတ်မှာမဟုတ်ဘူး"
"မသိရင်မေးရမယ် ဒါသည်သားတို့သမီးတို့အလုပ်"
"သားတို့သမီးတို့မေးသမျှပြန်ဖြေရမှာဆရာမအလုပ်"
"မနက်ဖြန်ဒီနေ့သင်သမျှပြန်မေးမယ် မရရင် နားရွက်ဆွဲထိုင်ထ အခါတစ်ရာ"
"First semနော် မင်းတို့စကြိုးစားရမယ်ဒီနှစ်ကစပြီး ဟိုးနောက်နှစ်တွေထိ"
"ဒီနေ့ မပြီးပြတ်သေးတဲ့ ကဗျာနဲ့စကားပြေကိုသင်ပေးမယ်"
"ကြားလား"
"ဟုတ်ကဲ့ပါဆရာမ"
"ဒါဆို စမယ်"
"စာအုပ်ကိုကြည့်"
စာသင်ခန်းထဲတွင်အသံအောင်လှသည့်ဆရာမတစ်ဦး သင်ခန်းစာများပို့ချနေသည်။ဆရာမသည်ကတ္တီပါဖိနပ်ပါးလေးကိုစီးထားပြီး နားတွင်နှင်းဆီပန်းအဝါရောင်ပန်ထားကာ ဆံထုံးလေးကိုလည်းသေချာလှလှပပထုံးထားသည်။၀တ်စားပုံမှာလည်းရိုးရိုးယဉ်ယဉ်ဖြစ်ကာ စာသင်ကြားနေစဉ် stageတွင်ရပ်မနေပဲ အတန်းတစ်ခုလုံးလျှောက်သွားကာ စာရှင်းပြနေသည်။ကလေးများကလည်းသေချာအာရုံစိုက်နားထောင်နေကြသည်။ထိုဆရာမလေးမှာ တစ်ချိန်ကတေးဟုလူသိများသည့် တေးလိပ်ပြာ။ယခုအခါ မြန်မာစာနည်းပြရာထူးဖြင့် မုံရွာတက္ကသိုလ်တွင်တာ၀န်ထမ်းဆောင်နေသည့် ဆရာမဒေါ်တေးလိပ်ပြာဖြစ်သည်။
၈နှစ်ခန့်ကြာပြီးသောအခါ ရင့်ကျက်သောဘ၀ဖြတ်သန်းမှုဖြင့် ဆရာမဟူသောနေရာတစ်ခုသို့ရောက်လာခဲ့သည်။ကျောင်းသူဘ၀တွင် ဆရာမဖြစ်ရန်မရည်ရွယ်ခဲ့သော်လည်း တေးပညာရေးနယ်ပယ်ထဲသို့ခြေချမိသည်။တေးသည်သူမမရှိသော်လည်းသူ့ဘ၀ကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့သည်ကိုသက်သေပြချင်၍ ဤနယ်ပယ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။တေး၏အဖေနှင့်အမေဖြစ်သူမှာလည်း အိမ်တစ်အိမ်ထဲတွင်အတူနေထိုင်သော်လည်း မိတ်ဆွေအကန့်ဖြင့်သာတစ်သီးတစ်သန့်စီနေကြသည်။မုန်တိုင်းထန်ခဲ့သောနေ့ရက်များအပြီးတွင် လေပြေလာသည်ဟုပင်ပြောရမည်။
![](https://img.wattpad.com/cover/314499154-288-k622838.jpg)