ယနေ့သည်မြန်မာစာဌာန၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနေ့ဖြစ်၍ဌာနတစ်ခုလုံးအလုပ်ရှုပ်နေသည်။ စာသင်ချိန်များရပ်နားထားသည့်အတွက်တစ်နေ့လုံး holidayဖြစ်နေ၏။တေးတို့အုပ်စုလည်းကျောင်း၀န်းအတွင်းအခမ်းအနားကျင်းပရာခန်းမထဲတွင် အခြားသူများနည်းတူရောက်ရှိနေပြီဖြစ်သည်။ကိုးနာရီခွဲအချိန်တွင် စင်မြင့်ပေါ်တွင်ကန်တော့ခံဆရာကြီးဆရာမကြီးများရောက်ရှိနေပြီဖြစ်သဖြင့် ဂုဏ်ထူးတန်းတက်နေသည့်စီနီယာတစ်ဦးမှကန်တော့ချိုးတိုင်၍ ကျန်သူများကနောက်ကလိုက်ဆိုကြသည်။ထို့နောက်လက်ဆယ်ဖြာထိပ်မှာမိုး၍ကန်တော့ကြပြီး ကျောင်းသူအချို့ကစင်ပေါ်မှကန်တော့ခံဆရာဆရာမကြီးများကိုကန်တော့ရမည့်ပါဆယ်ထုပ်ကလေးများကိုပေးအပ်ကာ ထပ်ဆင့်ကန်တော့ကြပြန်သည်။ထိုနေ့ကဌာနမှဆရာမအငယ်များမှအစ ဆရာမကြီးများထိ ခရမ်း၀မ်းဆက်ဆင်တူမြန်မာ၀တ်စုံများကိုတူညီ၀တ်ဆင်ကြသည်။တေးပထမနှစ်ကတည်းက Welcomeကိုရောက်ဖြစ်သော်လည်းယနေ့တေးမျက်လုံးကစင်မြင့်ကိုသာငေးမိနေသည်။
ကန်တော့ခံသည့်ဆရာများကိုခုံများချ၍ နှစ်တန်းတန်းပေးထားရာ ဒေါ်ကြာညိုမှာနောက်တန်းဘယ်ဘက်ဆုံးခုံတွင်ထိုင်နေသည်ကိုတေးမြင်သည်။ခရမ်းရောင်မြန်မာ၀တ်စုံကို၀တ်ကာစီးနေကြ pencil heelsအနက်လေးစီးထားပြီး ပိုက်ဆံအိတ်အနက်ကလေးကိုခုံအောက်နားတွင်ချထားသည်။ဖြူဖွေးနေသည့်အသားအရည်နှင့်၀တ်စုံမှာအလှပေါ်အယဉ်ဆင့်သကဲ့သို့ပင်။ထုံးနေကျတစ်ပတ်လျိုဆံထုံးထုံးထားပြီးဆံပင်ကိုသေချာဖီးလိမ်းထားသည်။တေးစင်အောက်မှလူအုပ်ကြားတွင် ကျောက်ရုပ်ကြီးကဲ့သို့စင်ပေါ်သို့သာငေးနေသည်။တေးဘေးတွင်တွင်လည်းမြတ်နိုးတို့ခြံရံ၍ထိုင်နေသည့်အတွက် မိန်းကလေးသူငယ်ချင်းများသဘာ၀စကားတွတ်ထိုးကြရာ တေးကပြောနေသည့်စကားလည်းမကြား မည်သည့်စကားမျှပြန်မပြော၍ တေးငေးနေရာကိုမြတ်နိုးလိုက်ကြည့်လိုက်သည်။စင်ပေါ်ကိုလှမ်းငေးနေသည်ကိုမြင်သွားကာ တေးနားကိုအသံခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
"ဟဲ့ စင်ပေါ်ကဘာရှိလို့လဲ"
(မြတ်နိုး)"အမယ်လေး လန့်လိုက်တာလိပ်ပြာလွင့်တော့မယ်အသာပြောလည်းရပါတယ်ဟဲ့"
(အသံကြောင့်သတိပြန်ကပ်၍ ရှက်ကိုးရှက်ကန်းဖြစ်နေသောတေး)
![](https://img.wattpad.com/cover/314499154-288-k622838.jpg)