Episode - 14(Unicode)

5.2K 448 17
                                    



ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်လေးနောက်တွင် ခဏတာတေးသူမနှင့်အဆက်ပြတ်သွားသကဲ့သို့ဖြစ်သွားသည်။တေးသူမထံသို့မျက်နှာပူ၍မသွားရဲပဲရှိနေသည်။သူရည်ရွယ်၍ပြောခဲ့သောစကားမဟုတ်သော်လည်း ခုထိဆေးလိမ်းပေးမည်ဟု အတင်းပြောမိသည့်မိမိအဖြစ်ကိုတစ်ချက်သတိရလိုက်တိုင်း မျက်နှာပူနေရတုန်းဖြစ်သည်။ထို့အပြင်တေးစိတ်တွင်သူမစိတ်ခုသွားပြီလားဟူသော စိုးရိမ်စိတ်ကလွှမ်းမိုးနေခဲ့ပြန်သည်။တေးဒွိဟစိတ်နှင့်တော်တော်လေးကြာအောင် သူမဆီခြေဦးမလှည့်နိုင်ခဲ့။

ဤသို့ဖြင့် ဒုတိယပညာသင်ကာလသို့ရောက်လာခဲ့တော့သည်။ထုံးစံအတိုင်းကျောင်းစတက်သည့်ရက်တွင် လေး‌ယောက်သားကျောင်းလာသော်လည်း ကျောင်းခန်းအတွင်းမနေကြပဲ လျှောက်သွားနေကြသည်။ဒရိုင်ဘာတေးလိပ်ပြာက ကျန်သုံး‌ယောက်ကိုတင်ခေါ်ကာ မြို့ပတ်နေတော့သည်။ပတ်လို့အားရ၍နေ့လည်စာစားချိန်မှကျောင်း Canteenသို့ရောက်သွားကြပြီး နေ့လည်စာစားကြလေသည်။ထုံးစံအတိုင်း juneလဖြစ်၍ မိုးလေးကစွေနေသည်။မိုးရေထဲတွင်ထီးလေးများနှင့်သွားလာနေကြသော ကျောင်းသူကျောင်းသားများကို Canteenမှလှမ်းတွေ့နေရသည်။တေးမိုးစက်များကြားတွင် လိုက်ရှာနေခဲ့သူရှိသော်လည်း ထိုသူကိုမတွေ့ခဲ့ပါ။ကျောင်းစဖွင့်ဖွင့်ချင်း တွေ့ချင်မိသည့်မျက်နှာလေးတစ်ခုရှိခဲ့သော်လည်း ဒီနေ့မတွေ့ပေ။

လွမ်းသလိုလိုဆွေးသလိုလိုခံစားချက်လေးနှင့်ထမင်းစားပြီးလျှင် တေးကော်ဖီတစ်ခွက်မှာသောက်နေလိုက်သည်။ဘေးကသိမ်မွေ့တို့မှာအချဉ်ပေါင်း၀ယ်လာပြီး Cateenတွင်ထမင်းစားအပြီး ငပိရည်၊ငရုတ်သီးမှုန့်ဗလပွနဲ့ တရှုးရှုးတရှဲရှဲစားသောက်နေကြသည်။ပါးစပ်မှလည်းဘယ်လောက်အရသာရှိပြီးစားကောင်းကြောင်းချီးမွမ်းထောပနာပြုလျက် ပယ်ပယ်နယ်နယ်စားနေကြသော်လည်း ကော်ဖီခွက်နှင့်ငိုင်နေသည့်တေးမှာ မျှော်တော်ယောင်ဖြစ်နေရှာပြီး သိမ်မွေ့တို့ကိုအာရုံမထားမိပေ။သိမ်မွေ့တို့ကစားသောက်ပြီး၍ အဆောင်ပြန်ရန် ပြောစဉ် -

"တေးနေ့လည်တစ်ချိန်တက်ရဦးမှာ ပျက်လို့မရဘူး"
(သိမ်မွေ့)

The sign of heart(Completed)Where stories live. Discover now