Episode - 22(Unicode)

5K 368 30
                                    


        "ခရီးအပြန်ခံစားချက်လေးပြောစမ်းပါဦးကွ"

"ဘာလဲကွ"

"ခရီးသွားဝာာကခရီးသွားတာပေါ့ ဘာမှအထွေအထူးမရှိပါဘူး"

"ကြာညိုမင်းကလေးနဲ့မင်းသွားတာ ဘယ်ထူးခြားမှုမရှိရမှာလဲ"

"မန္တလေးအိမ်ကိုမင်းကတော်ရုံအလည်ခေါ်လို့လား တို့တောင်ဖြတ်သွားဖြတ်လာမြင်ဖူးတာ မင်းပြလို့"

"မင်းကလည်း အကြောင်းမတိုက်ဆိုင်လို့ပါ မင်းကတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ နောက်ခါလိုက်ခဲ့ပါ"

"လောကွတ်တွေပါကြာညိုရယ်"

"ပါမောက္ခရေ ရှင့်လည်းကျုပ်မနိုင်ဘူး"

"ဟိုကလေးကိုတောင် တစ်နေ့တစ်နေ့ပြောရဆိုရခက်နေရတဲ့အထဲ"

"တို့လည်းကြီးမှ၀က်သတ်ပေါက်သလိုဖြစ်တော့ အချိန်တိုင်းရင်မောနေရတယ်"

"မင်းသိတယ်မလား"

"ဒီနှစ် First yearတွေရဲ့သင်ရိုးမှာပါတဲ့ ညောင်ရမ်းခေတ်စာဆိုရဲ့ကဗျာလေ"

"ဪ ရှင်ငြိမ်းမယ်ရဲ့ကြုံရမယ့်ဗျာပါလား"

"ဟုတ်ပ ဟုတ်ပ အဲ့တာတို့အဖြစ်ပဲရည်မွန်ရေ"

"တို့မှာကလေးအဖေနဲ့အသိုင်းအဝိုင်းကကန့်ကွက်တဲ့အခါ တို့ဘယ်လိုလုပ်ရမလဲ တွေးရတာ အဲ့ဒီကဗျာထဲကလိုဖြစ်နေတယ်"

"လှေကားခုံမှာ၊ဂဠုန်မောင့်ကြောင့်စောင့်တော့တယ်
လှေကားဦးမှာ၊ဘီလူးမောင့်ကြောင့်စောင့်တော့တယ်
လှေကားခြေမှာ၊ဆူးလေမောင့်ကြောင့်ကြဲတော့တယ်
အိမ်တိုင်တိုင်းမှာ၊နွားရိုင်းမောင့်ကြောင့်ချည်တော့တယ်
ထရံကြားမှာ၊ဓားသွားမောင့်ကြောင့်စီတော့တယ်
အိမ်ကြမ်းကြားမှာ၊အပ်သွားမောင့်ကြောင့်စီတော့တယ်
မောင်လည်းဘယ်ကတတ်ပါ့မယ်၊မယ်လည်းဘယ်ကဆင်းရမယ်"

"အဲ့ဒီကဗျာစာပိုဒ်လေးသတိရမိတယ်ကွာ"

"ဟုတ်ပ သေချာစဉ်းစားကြည့်မှ မင်းနဲ့တေးအဖြစ်ကလည်း ကန့်ကွက်လာ‌တဲ့ တေးအဖေနဲ့အသိုင်းအဝိုင်းတွေက ဘီလူးတွေ ဂဠုန်တွေလို သိပ်ကြောက်ဖို့ကောင်းမှာပဲ"

The sign of heart(Completed)Where stories live. Discover now