Episode - 23(Unicode)

4.5K 361 38
                                    


        ဒေါ်ကြာညိုတစ်ပတ်ခန့်စဉ်းစားရင်းစဉ်းစားရင်းနှင့်အချိန်ကုန်သွားခဲ့သည်။အ ပြောင်းအလဲမြန်လှသည့်အခြေအနေတို့ကြား မည်သူ့ကိုမှပြောမပြနိုင် မတိုင်ပင်နိုင်ပဲ တစ်ယောက်တည်းမြိုသိပ်နေခဲ့ရသည့်နေ့ရက်များမှာ စိတ်ပင်ပန်းလူပင်ပန်းအဖြစ်ရဆုံး‌‌နေ့ရက်များဖြစ်ခဲ့သည်။အချစ်အတွက်အရူးအမူးဖြစ်ခဲ့ရသည့်ငယ်ရွယ်စဥ်အခါက စွန့်လွှတ်ခဲ့ရခြင်းထက် ယခုအခါကထိချက်ပိုပြင်းပါသည်။မပိုင်ဆိုင်နိုင်တာကိုသာ အစကကြိုသိခဲ့ရင် ထိုကလေးကိုချစ်အဖြေစကားပြောကြားခဲ့မည်မဟုတ်ပါ။ယခုလိုချစ်ပြီးမှဝေးရမည်ကို ‌သူမလက်သင့်မခံနိုင်သော်လည်း လက်သင့်ခံရတော့မည်။ကံကြမ္မာအလှည့်အပြောင်းတွင် အဆိုးဆုံးအခြေအနေကိုရောက်လာသည်။တေးကိုအတတ်နိုင်ဆုံးဖုံးကွယ်လျက် ဟန်မပျက်နေခဲ့ကာ ဒေါ်ဘရဏီကိုအကြောင်းပြန်ရမည့်နေ့တွင် ဖုန်းပြန်ဆက်ခဲ့သည်။

"ဘရဏီနိုင်"

"ပြော ကြာညိုမြင့်အောင်"

"နင့်ကိုငါ့ဆုံးဖြတ်ချက်ပြောမယ်"

"နင်ကလေးကို ဘာမှထိစရာမလိုဘူး"

"နင်ပြောတဲ့အတိုင်းငါလုပ်ပေးမယ်"

"နင့်ကိုကြောက်လို့တော့မဟုတ်ဘူး ငါ့ကလေးအနာဂတ်ငါ့ကြောင့်အညွန့်ကျိုးသွားမှာစိုးလို့"

"ဘယ်လိုအကြောင်းဆိုတာငါစိတ်မ၀င်စားဘူး"

"နင်ငါပြောတဲ့အတိုင်းလုပ်ဖို့ပဲ"

"မနက်ဖြန်သူ့မွေးနေ့ ဒီတော့နင်ဒီညနေသူ့ကိုပြောပါ"

"နင့်ကိုပြောဖို့ဒီတစ်ရက်ပဲငါအချိန်ပေးတာ"

"ဟဲ့ နင့်မှာကိုယ်ချင်းစာစိတ်မရှိဘူးလား"

"ဒီစကားကိုငါတစ်ရက်တည်းနဲ့ဘယ်လိုပြောရမှာလဲ နင့်ကိုအဖြေပြန်ပေးဖို့တောင် ငါတစ်ပတ်အချိန်ယူရတာ"

"မလိုချင်ဘူးကြာညိုမြင့်အောင်"

"နင်ငါခိုင်းတဲ့အတိုင်းလုပ်မှာလား မလုပ်ဖူးလား"

"မလုပ်ရင်ငါ့ဘက်ကလည်း နှုတ်လုံပါမယ်အာမမခံဘူး"

"ပြောရင်ပြီးရောမလား"

The sign of heart(Completed)Where stories live. Discover now