Episode - 4(Unicode)

6.6K 506 55
                                    

       Semအစမှာအလွန်အေးအလွန်ချမ်းသည့်ရာသီဖြစ်၍ မနက်အစောထရပြီးအတန်း၀င်ရမည်ဆိုလျှင် Morning coffeeတစ်ခွက်တော့အချမ်းပြေသောက်တတ်သည့်ဒေါ်ကြာညို နားနေခန်းထဲတွင် လျှပ်စစ်ရေနွေးအိုးတည်နေခဲ့သည်။ရေနွေးဆူလာ၍ ဖန်ခွက်ထဲNescaféတစ်ထုပ်ထည့်ကာ သကြားအနည်းငယ်ထပ်ထည့်၍ဖျော်လိုက်သည်။ထို့နောက် အတန်း၀င်ရန်မာဖလာအနက်လေးကိုပတ်လျက် ကော်ဖီခွက်နှင့်စာအုပ်ကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။မနက်ခင်းချိန်အစောဆုံး၀င်ရမည်ဖြစ်၍ ခပ်သုတ်သုတ်ဆင်းလာရာ ကျောင်းနောက်ကျ၍အခန်းသို့ဒုန်းပြေးလာသည့်တေးလိပ်ပြာခေါ် ထိုသူငယ်မနှင့် တိုက်မိကြတော့သည်။

"အား....ပူလိုက်တာ"

      တေးရင်ဘတ်ပေါ်ကော်ဖီရည်များဖိတ်ကျသွားသည်။တေးကတိုက်မိ၍တစ်ဖက်လူကိုကြည့်လိုက်ရာဒေါ်ကြာညိုဖြစ်နေ၍ သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်ဟူသောအကြည့်နှင့်ကြည့်လိုက်သည်။ဒေါ်ကြာညိုကလည်းတိုက်မိသွားသဖြင့်ကြည့်လိုက်ရာ တေးဖြစ်နေသဖြင့် -

"ရှေ့ကိုကြည့်လေ ခုတိုက်မိပြီ"
(ရယ်လျက်)

"အတန်းနောက်ကျနေလို့တေးအမြန်ပြေးလာတာ တေးမမြင်လိုက်လို့ပါတီချယ်"

"အင်္ကျီကတော့သွားရှာပြီ ဘယ်နှယ့်လုပ်ကြမလဲ"

"ရပါတယ်တီချယ် အိမ်ရောက်မှပဲလဲလိုက်တော့မယ်"

"ဒီတိုင်းကြီး‌မင်းကတစ်နေကုန်နေမလို့လား"

"မင်း၀တ်လာတာယုန်မွှေးအနွေးထည်ဖြူဖြူလေး"

"တိုက်မိတဲ့မင်းလည်းအပြစ်ရှိသလို မင်းကိုမမြင်လိုက်တဲ့တို့လည်းတာ၀န်ရှိလို့ ဒီချိန်ပြီးရင်‌မင်းတို့အဆောင်ခဏလိုက်ခဲ့"

"တီချယ် တေး...."

"အတွန့်မတက်နဲ့"

       ဒေါ်ကြာညိုစကားအောက်တွင်ပြန်မလှန်နိုင်ပဲအသာတကြည်တေးအတန်းထဲ၀င်သွားပြီး မြတ်နိုးတို့ခုံမိမိနေရာတွင်၀င်ထိုင်လိုက်သည်။အချိန်ကုန်သည်ထိ၀င်သင်လိုက်သည်။ထို့နောက်အချိန်ပြီး၍နှုတ်ဆက်ပြီးသောအခါ ဒေါ်ကြာညိုကတေးအားမျက်နှာရိပ်မျက်နှာကဲဖြင့်သူ့နောက်လိုက်ခဲ့ရန်ခေါ်လိုက်သည်။တေးလည်းအသာထလိုက်သွားရာအခန်းပြင်ရောက်လျှင်တေးကိုအောက်ထပ်တွင်ခဏစောင့်နေရန်ပြောသည်။ကော်ဖီခွက်အလွတ်နှင့်စာအုပ်ကိုကိုင်လျက်အပေါ်ထပ်ခဏတက်သွားပြီးပြန်ဆင်းလာသောအခါ ပိုက်ဆံအိတ်အနက်လေးကိုလက်ကောက်၀တ်တွင်ချိတ်လာပြီး တေးကိုသူ့ကားနှင့်ခေါ်ကာ အဆောင်သို့ပြန်လေသည်။

The sign of heart(Completed)Where stories live. Discover now