Episode - 18(Unicode)

5.7K 434 19
                                    

ကထိန်ပွဲအတွက်မေဂျာမှကျောင်းသူကျောင်းသားများ၊ဆရာဆရာမများသည် အဆောင်အပေါ်ထပ်ဆရာမများနားနေခန်းတွင်အလုပ်ရှုပ်နေသည်။ညှပ်ရံများကိုပြင်ဆင်ပြီးသော်လည်း တရားပွဲလုပ်ရေစက်ချမည့် ကျောင်းဓမ္မာရုံသို့ပို့ရပေဦးမည်။ထို့ကြောင့်ညှပ်ရံများကိုရွေ့ရန် အားကောင်းမောင်းသန် ကျောင်းသားများက ဦးဆောင်ရွေ့ပြောင်းကြရသည်။ဟေးလေးဟားလားနှင့်ကျောင်းသားဘ၀မှာ အလုပ်ဇယ်ဆက်လုပ်‌ရသည့်တိုင်အောင်မမောနိုင်ပေ။

တေးတို့အုပ်စုမှာလည်းဓမ္မာရုံတွင်း၌ ကျရာတာ၀န်ကိုယူကာ ကထိန်ခင်းတရားနာမည့်မနက်တွင် ဘုရားဆွမ်းတော်ကပ်ခြင်း၊ဆရာတော်သံဃာတော်များအား ဆွမ်းအလုပ်‌အကျွေးပြုခြင်း၊ကြွရောက်လာသော ပါမောက္ခကြီး၊ဆရာ ဆရာမကြီးများအတွက် ဆွမ်းကပ်တရားနာရေစက်ချပြီးပါက ထမင်းကျွေးရန်ရောပါပြင်ဆင်ရသည်။ကျောင်းကထိန်ဖြစ်၍ ဌာနပေါင်းစုံမှညှပ်ရံများ ဓမ္မာရုံကြီးထဲသို့ရောက်ရှိနေကြပြီဖြစ်သည်။ကထိန်အတွက် ဌာနတိုင်းမှကျောင်းသားအုပ်စု အုပ်စုများသာရှိပြီး မေဂျာလုံးကျွတ်မဟုတ်ပေ။တရားနာ၍ ရေစက်ချပြီးမှ ကျောင်းသားကျောင်းသူများရောက်လာမည်ဖြစ်ပြီး ကြာဇံဟင်းပါတစ်ကျောင်းလုံးတိုက်မည်ဖြစ်ကြောင်း ဌာနအစုံကိုကြေညာပြီးဖြစ်သည်။၊ထို့ကြောင့်အစပိုင်းတွင်ဓမ္မာရုံ၌လူနည်းစုသာရှိသည်။

ဆရာတော်များက ဆွမ်းဘုဥ်း‌ပေးပြီးလျှင် ကထိန်ပစ္စည်းများကိုရေစက်ချလှုဒါန်းခြင်းအား အထမြောက်စေပြီး ကထိန်တရားနာရန်ဟောကြားပေးသည်။ထိုအချိန်တွင်တေးတို့အုပ်စုမှာ ဓမ္မာရုံထောင့်တစ်နေရာတွင် ထိုင်ရင်းကျောင်းသူကျောင်းသားများလာလျှင် ကြာဇံဟင်းတိုက်ရန်အဆင်သင့်ပြင်နေကြလေသည်။အခြားသောဌာနများမှ‌ လက်ရွေးစင်များနှင့်စုပေါင်းလုပ်ကိုင်ရ၍ သိပ်တော့မပင်ပန်းပါ။ဘုန်းကြီးဆွမ်းကပ်ရာတွင်သာ လိုအပ်သည်များချပေး ပန်းကန်ဆေးစရာရှိဆေးနှင့်အနည်းငယ်အလုပ်များသည်။ယခုအခါရေစက်ချတရားနာနေပြီဖြစ်သဖြင့် အကုန်လုံးငြိမ်နေရပြီး ဓမ္မာရုံထဲတွင် ဆရာတော်၏အသံကိုသာကြားနေရသည်။ကြွလာသည့်ဆရာတော်မှာငါးပါးခန့်ရှိသော်လည်း သက်တော်အကြီးဆုံးဆရာတော်ကြီးမှပင် တရားဟောလေသည်။

The sign of heart(Completed)Where stories live. Discover now