Episode - 16(Unicode)

5.9K 454 19
                                    


         "ရည်မွန်ရေ တို့တော့အဲ့ဒီလိုတွေပြောသာပစ်လိုက်တာ"

"သူအောင်မြင်မှာကိုကြောက်တာလား မအောင်မြင်မှာကိုစိုးရိမ်နေသလားမသိတော့ဘူးကွာ"
(ဒေါ်ကြာညိုလေးဖင့်သောအသံဖြင့် သူငယ်ချင်းဒေါ်ရည်မွန်အား ရင်ဖွင့်ပြောပြနေသည်)

"မင်းလုပ်တာမှန်ပါတယ်ကြာညို မဟုတ်ရင်မင်းရှေ့မှာအသက်တစ်ချောင်းကို ကံကြမ္မာကအလွယ်လေးနုတ်ယူသွားနိုင်တယ်"

"တေးကလုပ်မယ်ဆိုအဟုတ်လုပ်တဲ့ကလေးမျိုးကွ"

"အေးကွာ တို့ဒီလိုပြောလိုက်တာလည်းဒီကလေးကိုအဲ့ဒီအချိန်တုန်းတော်တော်လေးစိုးရိမ်သွားလို့ဆုံးဖြတ်လိုက်ရတာ"

"မင်းတို့ဖြစ်ပျက်နေတာတို့လည်းမိုးသံကြောင့်မကြားဘူး"

"အဆောင်ကနေအိမ်ရှေ့ကိုမိုးရွာတုန်း မိုးဘယ်လောက်သည်းလဲကြည့်ချင်လို့တံခါးခဏဖွင့်ကြည့်တော့ တေးကားကိုတွေ့တယ်"

"မင်းတို့ဒီလိုဖြစ်နေမှန်းသိတို့၀င်ဆွဲတာပေါ့ကွာ"

"ကိုယ်လည်းခုမနက်မှပဲမင်းကိုပြောဖြစ်တော့တယ်ကွာ"

"ကြာညို မင်း Challengeက မင်းရောသူရော နိုင်နိုင်ခြေ ရှုံးနိုင်ခြေက 50 percentစီပဲ"

"ငါ့သူငယ်ချင်း ဒီအရွယ်ရောက်မှ စန်းလဂ်ထပုံများ တေးလိုအပျိုဖြန်းလေးကချစ်တယ်အပြောခံရတာ နည်းတဲ့ကုသိုလ်လားကွ"

"ဂုဏ်ယူလိုက်စမ်းပါကွာ"

"မင်းပဲဂုဏ်ယူပါရည်မွန်ရယ် တို့တော့မရှုံးဖို့ကြိုးစားရမှာပဲ"

"တို့ရောက်နေတဲ့အနေအထားနဲ့ဒီအချစ်ရေးဘယ်လိုမှ ဆက်စပ်လို့ကိုမရဘူး"

"ဒါဆိုအဲ့ဒီညကမင်းပြောခဲ့တဲ့စကားကရော"

"အဲ့တာသူသေသွားမှာစိုးလို့ပေါ့ကွ"

"ကြာညို ကြာညို မင်းဟာက ဘယ်သောအခါတုန်းက ဘယ်တိုင်းပြည်မှာ ဘယ်ဘုရင်ကြီးအုပ်ချုပ်ပြီးတော့ ဘယ်‌တိုင်းပြည်က ဘယ်မင်းသမီးနဲ့လက်ဆက်ပြီး ဘာသားတော်လေးဖွားမြင်သတဲ့ဆိုတာထက်ကဲနေပြီ"

The sign of heart(Completed)Donde viven las historias. Descúbrelo ahora