Episode - 3(Unicode)

6.4K 508 33
                                    

       ကျောင်းမှအိမ်ပြန်လာ ရေမိုးချိုးထမင်းစားပြီးဂိမ်းဆော့ရန်ဖုန်းကိုင်လိုက်စဉ် ရေနှင့်လောင်းခံခဲ့ပုံမှာ ခေါင်းထဲစဉ်းစားမိလာပြန်သည်။စိတ်ပေါက်ပေါက်နှင့်ဖုန်းကိုမွေ့ယာပေါ်ပေါက်ချလိုက်ပြီး အောက်ထပ်သို့ဆင်းသွားခဲ့သည်။ညအချိန်ဖြစ်၍အဖိုးနှင့်အဖွားမှာအောက်ထပ်မှဧည့်ခန်းတွင်TVကြည့်နေကြသည်။တေးအဖွားနားသွားထိုင်လိုက်ရာ အဖွားက -

"ငါ့မြေးထူးထူးဆန်းဆန်းအဖွားတို့နဲ့ရုပ်ရှင်လာကြည့်တာလား"

"မကြည့်ရဘူးလားဒါဆို တစ်ခါတစ်လေလေးလာကြည့်တာကိုအဖွားတို့မယ်နော် ကိုယ့်မြေးကိုယ်မချစ်တော့ဘူးလား"

"အဲ့ ဖွားက မချစ်ဘူးမပြောပါဘူးတော် ချစ်ပါ့"

"ဒါဆိုအဖိုးရော"

        ရုပ်ရှင်ကြည့်နေပြီးမြေးဖွားစကားဝိုင်းထဲမရောက်သေးသည့်အဖိုးကိုစကားခေါ်လိုက်သဖြင့် အဖိုးကအာရုံလွှဲပြောင်းလျက်စကားဝိုင်းဆီပူးပေါင်းလိုက်ရာ -

"အဖိုးက မြေး အဖွားထက်ပိုချစ်ပါ့ဗျ"

"လူဆိုးဂျပိုးလေးကို ကျုပ်အချစ်ဆုံး"

"ကျေနပ်ပြီဒါဆို"

"ဒါနဲ့အဖိုးရယ် မြေးအခုစီးနေကားကို modelအမြင့်တစ်စီးနဲ့လဲပေးဖို့စိတ်ကူးမရှိဘူးလားလို့"

"အဲ့တာတော့ မရှိ မရှိ မရှိပါဘူးဗျ"

"မြေးရယ်ခုကားလည်းကောင်းနေတာပဲမနှစ်ကမှ၀ယ်ထားတာ ပျက်စီးပြီးလုံး၀သုံးမရရင်တစ်မျိုးပေါ့ကွယ်"

"အဖိုးကလည်းကပ်စေးပဲ"

"ကပ်စေးတယ်လည်းဘယ်ဟုတ်မလဲမြေးရယ် ပိုက်ဆံဆိုတာသုံးတာပဲကောင်းတယ်
ဖြုန်းတာမကောင်းဘူးမှတ်ထား"

"အဖိုးကိုပြောရင်ဒဿနတွေလာတော့မယ်မှန်းမြေးသိတယ်"

"အဖွား အဖွားရော မြေးကိုကားလဲပေးဖို့အဖိုးကိုကူပြောပေးနော်"

"အို့တော်.....မြေးအဖိုးကိုအဖွားကြောက်ပါ့ သူကဒါဆိုဒါရတယ်မြေးလေးရဲ့"

"အိန်း.....ဒီအဖိုးနဲ့ဒီအဖွားကတော့ဟင်္သာမောင်နှံပါပဲ လိုက်ဖက်ပါတယ်"

The sign of heart(Completed)Where stories live. Discover now