မမြင်ရသရွေ့တော့ ထည့်မတွက်ပါဘူး!

ရှဲ့ယွီက အနည်းငယ်နောင်တရသည်ဟု ယူဆနိုင်သော်လည်း ကျိရှင်းလန် ရာထူးမှ ဆင်းဖို့ မရည်ရွယ်ခဲ့ပေ။

ကျိရှင်းလန်က ယန်ချုံးကို ပွေ့ဖက်ရင်း ငြိမ်သက်နေကာ သူ့ပါးစပ်ထောင့်များ ကွေးညွှတ်သွားပြီး ပယင်းရောင်မျက်လုံးများ တောက်ပြောင်နေသည်။  ကျိရှင်းလန်ရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက သူ့(ယန်ချုံး)နားထဲရောက်ရှိလာသဖြင့် ကြောင်ကလေးက သူ့နားစည်ကို ခြစ်လိုက်သလို ခံစားလိုက်ရသည်။

"ဟေး ရှဲ့ယွီ မင်း ယန်ချုံးကို ဘောစ့်လို့ ခေါ်ပြီး ငါ့ကို ဘာမခေါ်ရတာလဲ? " ကျိရှင်းလန် မျက်လုံးများက အနည်းငယ်မှိတ်ထားကာ ယန်ချုံးရဲ့ ခွေးကလေး ရှဲ့ယွီကို ပြင်းထန်စွာ တစ်ချက်ကြည့်လိုက်သည်။

ရှဲ့ယွီ ဆံပင်များက တွန့်ကွေးနေပြီး အနီရောင်အစင်းကြောင်းနှစ်ခုက သူ၏ ပါးပြင်ပေါ်တွင် အစက်အပြောက်များထွက်နေသည်။  သေချာတာက သူ အတန်းထဲမှာ အိပ်နေပြန်တယ်။

ကျိရှင်းလန်;  'ဘာပဲဖြစ်ဖြစ် ငါ ယန်ချုံး နဲ့ အတူတူရှိနေတာပဲ ရှဲ့ယွီက  ငါ့အပေါ် ဒီလောက်မရက်စက်သင့်ဘူး။'

ထိုမေးခွန်းကိုကြားသောအခါ ရှဲ့ယွီက သူ့အိတ်ကပ်ထဲမှ ပီကေတစ်ပိုင်းကိုထုတ်ကာ ဖောက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။  တွေးတောင်မတွေးဘဲ သူ့ရှေ့က ချောမောသော Alphaကို သူ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးနိုင်အောင် တစ်စုံတစ်ရာကို မှုန်ဝါးဝါးပြောလိုက်သည်။  “ သခင်မလေး ”

"...ငါ မင်းကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြမယ်  " ကျိရှင်းလန်က လက်အောက်ငယ်သားအသစ်ကို ရုတ်တရက်ရရှိသောကြောင့် ရှုံးနိမ့်သွားသည်ဟု ခံစားခဲ့ရသည်။

ကျိရှင်းလန်ရဲ့ တံတောင်ဆစ်က သူ့ပခုံးပေါ်တွင် ရှိနေစဉ် ယန်ချုံး မျက်နှာပေါ်တွင် ထူးဆန်းသော အနီရောင် အနီစက်များ ပွင့်ထွက်လာသည်။

ရှဲ့ယွီက ပခုံးတွန့်လျက် ကျိရှင်းလန်ရဲ့ စူးရှသောအကြည့်ကို လျစ်လျူရှုလိုက်သည်။  သူက သံပုရာအရသာပီကေကို ကိုက်ကာ အိတ်ကပ်ထဲသို့ လက်ထည့်လျက် ထွက်လာခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now