သူတို့၏ မြင့်မြတ်သောကျောင်းအိုင်ဒေါက ငယ်ရွယ်စဉ်ကတည်းက စစ်အုပ်ချုပ်ရေးဖြင့် သူ့ဘဝကို ထိန်းချုပ်ထားခဲ့ပြီး ယန်ချုံးနှင့် စတင်ချိန်းတွေ့ပြီးနောက်မှာတော့ သူ၏အိပ်စက်ချိန်ကို အဆုံးမရှိ ရှည်လျားစေရုံမှတပါး၊ သူ၏ နေထိုင်မှုပုံစံမှာ မပြောင်းလဲခဲ့ပေ။

စစ်တပ်ကျောင်းမှ ပံ့ပိုးပေးသော ရွေးချယ်လို့ရတဲ့အစားအသောက်များသည် အလွန်ကျန်းမာစေပြီး ကျောင်းသားများကိုလည်း လေ့ကျင့်ပေးရမည်ဖြစ်သောကြောင့် စစ်တပ်ကျောင်းမှ ကျောင်းသားများ၏ ရုပ်ပုံတွေက ဘာကြောင့် သွားရည်ယိုစရာဖြစ်နေသလဲဆိိုတာက အံ့သြစရာမဟုတ်တော့ပေ။


ကျိရှင်းလန်ဟာ ယခင်တုန်းက  ရံဖန်ရံခါ ဆေးလိပ်တွေ ၊အရက်တွေ သောက်ခဲ့သော်လည်း သူကအာဟာရမပြည့်ဝတဲ့ အသင့်စားအစားအစာတွေကို ဘယ်တုန်းကမှ မစားခဲ့ပေ။ ယန်ချုံး က အာလူးကြော်တွေစားချင်ရင် ကျိရှင်းလန်က သူ့ကို ငြီးတွားနေတော့ သူ့ကို လာဘ်ထိုးပြီး နှုတ်ပိတ်ဖို့ တစ်ချို့ပစ္စည်းတွေဝယ်ဖို့ကို စဉ်းစားလိုက်တယ်။


 ကျိရှင်းလန်က အချိုတွေကို မကြိုက်ဘူးဆိုတာ သူသိတယ်၊ ဒါကြောင့် သူက သူ့(ကျိရှင်းလန်)အတွက် incubatorမှ ကော်ဖီပူပူတစ်ဘူးကို ဆွဲယူလိုက်တယ်။ ယန်ချုံး က သူစာသင်ခန်းထဲမရောက်ခင် ကော်ဖီအေးသွားမှာကို စိုးရိမ်နေတာကြောင့် အပေါ်ထပ်ကို အမြန်တက်ပြီး နွေးနေစေဖို့ဘူးကို သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်တယ်။

စူပါမားကတ်ထဲသို့ ခေတ္တလမ်းလွှဲပြီးနောက် လှေကားထစ်သို့ရောက်သည့်အချိန်၌ ခေါင်းလောင်းသံကမြည်နေပြီဖြစ်သည်။


 ယန်ချုံး လှေကားထစ်များကို အမြန်ပြေးတက်လိုက်ကာ အင်္ကျီလက်မှာ လက်ပတ်အနီဝတ်ထားသော ကျောင်းသားနှစ်ယောက်နှင့်အတူ စာသင်ခန်းနောက်ပေါက်တံခါးမှ ထွက်လာသော မစ္စတာ ရန် ဆီ တည့်တည့်သွားမိခဲ့သည်။

 မစ္စတာရန်ကိုမြင်လိုက်ရတော့ ယန်ချုံးရဲ့ကျောပြင်က အေးစိမ့်သွားခဲ့တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now