87+88

845 116 1
                                    

Zawgyi

87. Psychology: Cure

သူ့ရှေ့မှာ ရှိနေတဲ့ ရျောင်ချန်းရန်က မိုးကြိုးသွားတွေ လျှပ်စီးကြောင်းတွေထက်တောင် ပိုပြီး ကြောက်ဖို့ ကောင်းသေးတယ်။

ဒါပေမယ့် စူးပေ့လည်း သူ့ကိုသူ စောင်နဲ့ အလုံထုတ်ပြီး ရှောင်ချန်းရန်ရဲ့ ဘေးမှာပဲ လှဲချလိုက်ပါတယ်။

စူးပေ့က အသည်းနှလုံး မရှိခဲ့တာ ကြာပြီမို့ အိပ်မက်ဆိုး မက်ထားတာတောင်မှပဲ ခပ်မြန်မြန် ပြန်အိပ်ပျော်သွားခဲ့ပါတယ်။

နောက်တစ်နေ့ မနက်မိုးလင်းတော့ ရှောင်ချန်းရန်က သူ့ကို လာနှိုးတယ်။

မနက်စာက........ စွပ်ပြုတ်။

သူ့ကို ဒီအခြေအနေကနေ ကယ်တင်ပေးနိုင်တဲ့လူ မရှိတော့ဘူးလားလို့ တွေးနေတဲ့ စူးပေ့ရဲ့ မျက်နှာက အဲဒီ့ပန်းကန်ကို ကြည့်ရင်း ကြည့်ရင်းနဲ့ ပိုပိုပြီး ထူးဆန်းလာတယ်။
“ ဒီလို အဆီများတဲ့ စွပ်ပြုတ်ကို မနက်အစောကြီး စားရမှာလား?”

ရှောင်ချန်းရန်က နွေးနွေးထွေးထွေး ပြုံးလိုက်ပြီး
“ဘာကိုလဲ? ကိုယ်ထင်တာကတော့ အဲ့လောက်ထိ အဆီမများသလိုပဲလားလို့”။

စူးပေ့ စွတ်ပြုတ်ပန်းကန်ကို ကြည့်ရင်း ဒါကို စားဖို့ရာ သတ္တိ ရှိမနေဘူး ဆိုတာကို ခံစားမိလာခဲ့တယ်။

ရှောင်ချန်းရန်က ခပ်တည်တည်နဲ့ မေးတယ်။
“ဘာလို့လဲ? မင်းက မကြိုက်လို့လားဟင်?”

စူးပေ့က ခေါင်းကို ခပ်သွက်သွက် ခါလိုက်ပြီး စွတ်ပြုတ်ကိုသာ ခပ်ပြီး စားနေလိုက်တော့တယ်။

ပြီးတဲ့နောက်မှာ ရှောင်ချန်းရန်က ပြောလာတယ်။
“မင်း ကြိုက်တယ်ဆိုရင် ကိုယ်က နေ့တိုင်း ချက်ကျွေးမှာပေါ့”။

ဒီစကားတွေကြောင့် စူးပေ့မှာ လန့်ဖျပ်ပြီး သည်းတောင် သည်းသွားရတယ်။ ရက်စက် ယုတ်မာ လိုက်တာနော်!

သူ ကွင်းဆက် လူသတ်သမားဆီက သတ်ခံရတော့မလို ဖြစ်တဲ့ထိတောင် စိတ်ဒဏ်ရာ မရသေးပေမယ့် ညက မက်ခဲ့တဲ့ အိပ်မက်ဆိုးကြောင့် စိတ်ဒဏ်ရာတင်မကဘူး... စိတ်ရောဂါပါ ရတော့မလိုပဲ။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now