06. President: Five Million Maid

1.6K 198 0
                                    

Zawgyi

Cheng Qianxiao ကအပြစ်ကင်းစင်ပုံပေါ်တဲ့ အသံနဲ့ ကတိုက်ကရိုက် ရှင်းပြတယ်။
“သူ့ဆီကနေ အလှည့်စား မခံပါနဲ့ Mr.Feng! သူက ကျွန်မကို သူနဲ့ တွဲဖို့ ချိန်းခြောက်တယ် သူ...သူက...ပြော...ပြောသေးတယ်..”။

သူကစကားမဆုံးခင်လေးမှာပဲ မျက်ရည်တွေက မျက်လုံးထဲကနေ မျက်နှာပေါ်ကို စီးကျလာခဲ့တယ်။ Feng Xinglang ကသူမဘက်ကို နည်းနည်း လှည့်ကြည့်လိုက်ပြီး
“ဘာပြောသေးလို့လဲ?”

Cheng Qianxiao က အကြီးအကျယ် အရှက်ရ နေပုံနဲ့ ပြောလိုက်တယ်။

“ပြီးတော့ သူပြောတာက Mr.Feng က သူအပျင်းပြေကစားနေတဲ့ အရုပ်သက်သက်ပဲတဲ့။ သူက ယောက်ျားတွေကို သဘောကျတတ်တဲ့ ကောင်မျိုး မဟုတ်...”

Su Bei အဲ့နေရာမှာတင် အေးခဲသွားရတယ်။ ဒီ Cheng Qianxiao က တကယ့်ကို ခွေးမပဲ။ သူက Feng Xinglang ဘက်ကို လျှောက်သွားပြီး လေးလေးနက်နက် ရှိတဲ့လေသံနဲ့
“ကျွန်တော် အဲ့လိုစကားတွေ မပြောခဲ့ဘူးဆိုတာ ကျိန်ရဲပါတယ်! ဒါ တကယ် လုပ်ကြံခံရတာပါ!”

သူက ယောက်ျားတွေကို သဘောမကျတတ်တဲ့ အဖြောင့်ကောင်ဆိုတာ မှန်ပေမယ့်လို့ သူဒီလိုစကားတွေကို ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ Feng Xinglang က Su Bei ရှင်းပြတာကို တုန့်ပြန်တဲ့ အနေနဲ့ နှာတစ်ချက် မှုတ်လိုက်တယ်။
748 က
“ဆွဲဆောင်နိုင်မှုပြ ဇယားမှာ 3% တက်လာပြီး လက်ရှိ လုပ်ငန်းစဉ်ကတော့ 9% ဖြစ်ပါတယ်”။

အများကြီးတော့ မဟုတ်ပေမယ့် တိုးတော့တိုးလာတာမို့ Su Bei စိတ်သက်သာရာ ရသွားတယ်။ Feng Xinglang က
“သွားစို့”။

Su Bei က ဇဝေဇဝါ ဖြစ်နေပုံနဲ့
“ဘယ်ကို သွားမှာလဲ?”

Feng Xinglang က သူ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန် အဲ့ဒီ မှိုင်းညို့ညို့ မျက်ဝန်းတစ်စုံက Su Bei ရဲ့ ရင်ကို ဖိုးသိုးဖက်သက် ဖြစ်သွားစေခဲ့တယ်။
“မင်းပဲ ပြောတော့ မင်းအမေက ကိုယ့်ကို ညစာတူတူစားဖို့ ဖိတ်ခိုင်းလိုက်တယ်ဆို?”

Su Bei က အစာကောက်နေတဲ့ ကြက်ပေါက်လေးလို ခေါင်းကိုတဆတ်ဆတ်ငြိတ်ပြပြီး
“အွန်း အွန်း.. ဟုတ်တယ်”။

သူက ဒီတိုင်း ပြောရုံပြောလိုက်တဲ့ စကားကို Feng Xinglang က အတည် ယူသွားခဲ့တယ်။ သူကလည်း ကတိပေးထားပြီးသား ဆိုတော့ လုပ်ရုံပဲ ရှိတော့တာပေါ့။ ဒီတစ်ခါကတော့ Cheng Qianxiao လန့်ရမယ့်အလှည့်ကို ရောက်လာပြီ ဖြစ်တယ်။ Feng Xinglang နဲ့ Su Bei ကြားက ဆက်ဆံရေးက သူမ ထင်ထားတာထက်ကို အများကြီး ပိုကောင်းနေသေးတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက မဝံ့မရဲ လှမ်းခေါ်ကြည့်လိုက်တယ်။
“Mr.Feng”.

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now