29+30

1.4K 156 0
                                    

Zawgyi

29. President: Slap In The Face

Feng Xinglang က Su Bei ကို မျှော်လင့်တကြီးနဲ့ ကြည့်နေတယ်။
“ဟုတ်ပြီ ဒါဆို ဒီနေ့ပဲ စကြတာပေါ့”။

Su Bei က ‌ချိုချိုအီအီ စာကြောင်းတွေကို ကြည့်လိုက်ပြီး သိပ် ကြက်သီးထစရာမကောင်းတဲ့ တစ်ခုကို ရွေးလိုက်တယ်။

တစ်လျှောက်လူံးမှာ သူလုပ်နေတဲ့ ပုံစံက စိတ်မပါလက်မပါ ဝတ်ကြေတန်းကြေ ပုံစံမျိုးပဲ။
“ကျွန်တော့်နှလုံးသားက ခင်ဗျားနဲ့တင် သိပ်ကို ပြည့်ကျပ်နေပြီမို့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကိုတောင် မလုပ်‌ဆောင် နိုင်တော့ပါဘူး”။

Feng Xinglang ရဲ့ မျက်လုံးတွေက ထင်မှတ်မထားလောက်အောင်ကို နူးညံ့သွားပြီး နောက်ကျောဘက်ကို မှီချလိုက်ရင်း Su Bei ပြန်လည်တုံ့ပြန်ချိန် မရလိုက်ခင်မှာပဲ သူ့မျက်နှာပေါ် အနမ်းတစ်ပွင့် ခြွေချလိုက်ပါတယ်။

“အရမ်းချိုတယ်”။
သူကပြောတယ်။

Su Bei ရဲ့ မျက်နှာက ငရုတ်ပွနီ တစ်ခင်းလုံး စိုက်ထားသလို နီရဲတက်လာပြီး လည်ပင်းတစ်လျှောက်မှာ အပြင်ကို ထွက်မလာတဲ့ ဆဲသံတွေနဲ့ ညံစီနေခဲ့တယ်။ ဒီ လူယုတ်မာကြီးကတော့!

အီစီကလီရိုက်တဲ့နေရာမှာ ဆရာကျတယ် ဆိုပဲ! သူ Mission တွေအောင်မြင်ပြီး ထွက်ပြေးလို့ရမယ့်အချိန် မတိုင်ခင်ထိ အဲ့ဒီ့ပုံစံကို ထိန်းထားရလိမ့်မယ်လို့ ထင်နေတယ်။

Su Bei ဖြတ်သန်းနေရတဲ့ အချိန်ဆိုးတွေကို ကားကြီးကတောင် သတိထားမိနေပြီ ထင်ပါ့ သိပ်မကြာခင်မှာပဲ သူ့အမေ အိမ်ကို ဆိုက်ရောက်လာခဲ့တယ်။

တံခါးဖွင့်လိုက်လို့ သူတို့ကို တွေ့တွေ့ချင်းပဲ မာမား Su ရဲ့ မျက်လုံးတွေက ပြူးကျယ်ထွက်လာခဲ့တယ်။

Su Bei က ဖြည်းဖြည်းချင်း ပြုံးလိုက်ပြီး
“မားးးး ကျွန်တော် ပြန်လာပြီ”။

မာမား Su က သူ့မျက်လုံးသူ မယုံနိုင်သေးပုံနဲ့ Su Bei နားကို တစ်လှမ်းချင်း တစ်လှမ်းချင်း ကပ်လာတယ်။

သူ့ရဲ့မျက်ဝန်းတွေထဲမယ် မျက်ရည်တွေ အပြည့် ဝေ့သီနေခဲ့ပြီး ရုပ်ရည်ကတော့ ဆယ်စုနှစ်‌တွေနဲ့ချီပြီး အသက်တွေ ပိုကြီးရင့်လာသလိုပါပဲ။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now