126+127

935 124 1
                                    

Zawgyi

126. Era Of Republic Of China: Bitchy-mouthed Su Bei

ဒုတိယနေ့ ခြေချင်းဝတ်လည်ထားတဲ့ စူးပေ့ခမျာ ခြေထောက်လေးမှ အရောင်ကျရုံ ရှိသေး... စူးရှီက ရောက်လာပြီး အခန်းထဲအထိပါ ဝင်ချလာခဲ့တယ်။

ကြက်ကို နှစ်သစ်ကူး လာနှုတ်ဆက်တဲ့ ပိုးကောင်မလို မိုက်မိုက်မဲမဲ ပြုံးနေတဲ့ ဒီအမျိုးသမီးဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

စူးရှီက စူးပေ့ရဲ့ ရှေ့တည့်တည့်မှာ မတ်တပ်ရပ်လိုက်တယ်။
“စူးပေ့.... ငါတို့ အဖေကို အပစ်မတင်ပါနဲ့နော်။ သူက နင်ကောင်းဖို့အတွက် လုပ်ရတာပါ”။

စူးပေ့ကတော့ ဘာမှကို ပြန်‌မပြောပါ။ အချိန်ခဏအတွင်းမှာ စူးရှီရဲ့ အပြုံးက ပြောင်းလဲသွားပြီး
“နင်လည်း ပျင်းနေမှာပဲနော်။ ငါနင့်ကို ဟိုနားဒီနား လျှောက်ကြည့်ဖို့ ခေါ်သွားမယ်လေ”။

ထပ်ပြီးတော့လား? အကွက်သစ် ရသွားပြန်တာလား? ငြင်းရတဲ့ စူးပေ့တောင် ထပ်ငြင်းရမှာ ရှက်နေပြီ။

သူက ခိုင်ခိုင်မာမာပဲ ငြင်းဆိုလိုက်တယ်။
“မသွားဘူး”။

စူးရှီသူ့ကို ထပ်တိုက်တွန်း လာမှာ စိုးတာကြောင့် သူဝတ်လေးသွားအောင် အဖေဖြစ်သူကိုပဲ တိုက်ရိုက် အသုံးချလိုက်တယ်။
“အဖေက ငါ့ကို ဒီနေရာမှာပဲ နေပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ခိုင်းထားတယ်”။

စူးရှီက ပြုံးလိုက်ပြီး
“ရပါတယ်။ အဖေက ငါ့ကို သိပ်ချစ်တာလော အဲဒီတော့ ငါခေါ်လာတာလို့ ပြောလိုက်ရင် သူ စိတ်ဆိုးမှာ မဟုတ်ပါဘူး”။

စူးရှီရဲ့ နှုတ်ခမ်းထောင့်စွန်း တစ်ဖက်က ခပ်ဖြည်းဖြည်း ကော့တက်သွားတယ်။
“ဆိုတော့ မင်းက ဒီကို ကိုယ်ရည်လာသွေးပြဖို့ ရောက်လာတာလား?”

စူးရှီကလည်း ပုံမကျ ပန်းမကျ ပြုံးတယ်။
“ငါပြောချင်တာက အဲ့လို မဟုတ်ပါဘူး။ ငါက နင်မပျင်း‌တော့အောင် စေတနာနဲ့ အဖော်ပြုပေး ချင်ရုံပါပဲ”။

စူးပေ့ကလည်း ပုခုံးတွန့်လိုက်ပြီး
“ရပါတယ်”။

စူးရှီတစ်ယောက် အကြာကြီး စိတ်မရှည်နိုင်တော့တာကြောင့် ထအော် ပစ်လိုက်မိတယ်။
“ငါပျင်းတယ်လို့ ပြောရင် ပျင်းလိုက်လေ!”

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now