112+113

791 105 0
                                    

Zawgyi

112. Era Of Republic Of China: Forced To Wear Women's Clothes

အဲဒီနောက်တော့ စူးပေ့ကို လုံးဝ မမြင်သလို ပုံစံနဲ့ ထွက်ခွါသွားခဲ့တယ်။

လူတွေက အရမ်းကို ပျင်းသွားကြတယ်။ သူတို့ ပွဲကောင်းကောင်း လေး ကြည့်ရတော့မယ်လို့ တွေးထားတာကို အခုတော့ ဘာမှ မဟုတ်သလိုပဲ။

ဟန်စန်းယဲ့ ထွက်သွားတာကို မြင်လိုက်တဲ့ စူပေ့ကလည်း နောက်ကနေ လိုက်သွားတယ်။

ဟိုဟိုဒီဒီ ကွေ့သွားပြီး နောက်တော့ ဟန်စန်းယဲ့က လမ်းကြားလေးတစ်ခုထဲကို ချိုးဝင်လိုက်တယ်။

စူးပေ့ လိုက်သွားကြည့်တော့ ဟန်စန်းယဲ့ကို ကြည့်ရတာ သူ့ကို စောင့်နေတဲ့ပုံ ပေါက်နေတယ်။

ဟန်စန်းယဲ့ သူ့နောက်ကနေ တတောက်တောက် လိုက်နေတဲ့ စူးပေ့ကို တွေ့တော့ မျက်လုံးစွေကြည့်လိုက်ပြီး
“မင်း ဘာဖြစ်လို့ ငါ့နောက်ကနေ လိုက်လာတာလဲ?”

စူးပေ့က ပါးစပ်ဖျားလေးမှာတင် ချဉ်စုတ်စုတ် အချစ်စကားလုံးတွေကို ထုတ်သုံးလိုက်တယ်။
“ခင်ဗျားနဲ့ မတွေ့ရတာ နည်းနည်း ကြာပြီလေ။ ကျွန်တော်က လွမ်းတာပေါ့လို့”။

ဟန်စန်းယဲ့ရဲ့ မျက်ဝန်းထဲမှာ အန္တရာယ်များတဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး နှုတ်ခမ်းထောင့်လေးက နည်းနည်း မဲ့ကျသွားတယ်။
“မင်း မိန်းမတကာအပေါ် သုံးခဲ့တဲ့ အဲဒီ့လှည့်ကွက်တွေ ငါ့အပေါ် လာမသုံးစမ်းနဲ့”။

စူးပေ့က လိမ်လိမ်မာမာနဲ့ ပြန်ပြောတယ်။
“ဟင့်အင်း... အဲ့လို မဟုတ်ပါဘူး..... ကျွန်တော်က စိတ်ထဲရှိတာကို ပြောပြရုံပါ”။

ဟန်စန်းယဲ့က နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားတယ်။

စူးပေ့ကလည်း ဆက်လိုက်တယ်။
“ဟန်စန်းယဲ့ ခင်ဗျားဘယ်ကို သွားနေတာလဲ? ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့လို့ ရလား?”

အဲအချိန်မှာ ဟန်စန်းယဲ့ တွေးမိလိုက်တာကတော့ စူးပေ့ဟာ သူဘယ်လိုမှ လှုပ်ခါချလို့ မရအောင်ကို လိုက်ကပ်နေတဲ့ ကပ်စီးကပ်စီး သကြားလုံးလေးနဲ့ တူလွန်းတယ် ဆိုတာပါပဲ။
“မင်း သေချာပြီလား?”

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now