104+105

1K 112 1
                                    

Zawgyi

104. Era Of Republic Of China: A Narrow Escape

ဒီနေရာမှာ မင်းမေးစရာ ရှိတာက ဘာလို့ ပထမဆုံး ကမ္ဘာတုန်းက သုံးခဲ့တဲ့ လှည့်ကွက်လိုမျိုး ဟန်စန်းယဲ့ ရှေ့တည့်တည့်ကို ပြေးထွက်သွားပြီး ‘ခင်ဗျားကိုပဲ ချစ်တာပါ’ ဆိုပြီး ဖွင့်ပြောလိုက်ဝာမျိုး မလုပ်ရတာလဲ ဆိုတဲ့ မေးခွန်းပါ။

သူခံစားမိတာကတော့ သူသာ ဟန်စန်းယဲ့ကို တည့်ကြီး အဲလိုပြောထည့်လိုက်ရင် နေရာမှာတင် ဂုတ်ချိုးခံရလိမ့်မယ် ဆိုတာပါပဲ။

ဟန်စန်းယဲ့က ဖုန်းရှင်းလန်လို ပေါင်းသင်းရလွယ်ကူတဲ့ ပုံစံမျိုး မဟုတ်ဘူးလေ။

ဘာပဲဖြစ်ဖြစ် အဲဒီ ပထမကမ္ဘာက ခေတ်သစ် လူ့အဖွဲ့အစည်းလည်း ဖြစ်သေးတယ်။ ဖုန်းရှင်းလန် ဘယ်လောက်ပဲ စိတ်ဆိုးပါစေ အများဆုံးက သူ့ရဲ့ လက် ဒါမှမဟုတ် ခြေထောက်ကို ရိုက်ချိုးရုံလောက်ပဲ။

ဒါပေမယ့် ဒီကမ္ဘာမှာ လူ့အသက်တစ်ချောင်းက အမှိုက်တစ်စလောက်ပဲ တန်ဖိုးရှိတာ။

အဲဒါအပြင် ဟန်စန်းယဲ့ ဆိုတဲ့လူက စူးပေ့ သွားဆန့်ကျင်နိုင်စွမ်း ရှိလောက်တဲ့ အခြေအနေမျိုးလည်း ဟုတ်မနေပြန်ဘူး။

ဒါကြောင့် သူ ဟောဒီစူးပေ့ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပြီ ဆိုမှတော့လည်း သူ့ကိုသူ အသက်ဆက်ရှင်နိုင်ဖို့ရာ ကြိုးစားရတော့မယ်လေ။

သူက မြစ်ထဲကို ပစ်ချခံလိုက်ရရုံပါပဲ။ သူ့မှာ ဆက်ကြိုးစားဖို့ရာ အခွင့်အရေးက ရှိနေသေးတယ်။

ပြီးခဲ့တဲ့ကမ္ဘာမှာ ပြန်ပေးဆွဲ ခံခဲ့ရကတည်းက ကြိုးတွေကို ဘယ်လို ဖြည်ရမယ် ဆိုတာ အများကြီး လေ့လာခဲ့ပြီးပြီပဲ။ ဆိုတော့ သူ့ဘာသာ ဘယ်သူ့အကူအညီမှ မပါဘဲ ပြန်ဖြည်နိုင်ရမှာပေါ့။ တကယ့်ပြဿနာက အဲ့ဒါ မဟုတ်ဘဲ တကယ်လို့ သူသာ လွတ်မြောက်နိုင်ခဲ့ရင် ဟန်စန်းယဲ့က သူ့ကို အသက်ရှင်လျက် ဆက်နေခိုင်းမှာ သေချာရဲ့လား ဆိုတာပါပဲ။

စူးပေ့က ဟန်စန်းယဲ့ကို ပြုံးပြလိုက်ပြီး
“ဟန်စန်းယဲ့... ကျွန်တော်တို့တွေ အလောင်းအစားတစ်ခုခု လုပ်ကြည့်ကြရင်ရော ဘယ်လိုလဲ?”

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now