13+14

1.4K 191 0
                                    

Zawgyi

13. President: Forced to Smoke

Su Bei ကတော့ ဗလာစိတ်နဲ့ပဲ
“ကျွန်တော် ခင်ဗျားကို လက်ထပ်ရမလား? ဒါမှမဟုတ် ခင်ဗျား ကျွန်တော့်ကို လက်ထပ်မလား?”

Feng Xinglang ရဲ့မျက်နှာပေါ်က အပြုံးက ပိုပို လေးနက်လာခဲ့ပြီး
“ငါတို့နိုင်ငံမှာ လိင်တူလက်ထပ်ခြင်း ဥပဒေကို ပြဌာန်းမထားဘူးလေ”။

Su Bei ကတော့ ‘hmm’ ဆိုပြီး တုန့်ပြန်လိုက်ပြီးမှ ပေါ့ပျက်ပျက်ဆန်လွန်းတဲ့ မျက်လုံးတစ်စုံနဲ့ ဝေ့ကြည့်ပြီး
“ဒါဆိုလည်း နိုင်ငံခြားကို သွားကြတာပေါ့”။

ပြောရမယ်ဆိုရင် ဆေးလိပ်ကို Limit ကျော်တဲ့ထိ အများကြီး သောက်ခဲ့မိတဲ့ Su Bei အနေနဲ့ ဆေးလိပ်ကို ဒီလောက်အတိုင်းအတာထိ စွဲလမ်းနေတာက ပုံမှန်ပါပဲ။

Feng Xinglang က စီးကရက်ကို စားပွဲပေါ်တင်လိုက်ပြီး
“ငါ ပြန်လာခဲ့မယ်”။

Su Bei  ရုတ်တရတ် နည်းနည်းလေးတော့ လန့်သွားတယ်! သူသွားရမယ်! သူအခု သွားမှဖြစ်မယ်! Feng Xinglang ရဲ့ အသံက နူးနူးညံ့ညံ့ လေပြေလေးလို ပျံ့လွင့်လာတယ်။
“ငါပြန်လာလို့မှ မင်းဒီနေရာမှာ ရှိမနေဘူးဆိုရင် ဒီည မအိပ်ရဘူး မှတ်”။

Su Bei ဆက်ထိုင်နေရင်လည်း ဆေးလိပ်က သောက်ချင်နေဦးမယ် ဆိုပေမယ့် သူ့ခမျာ ဖိအားပေးနှိပ်စက်ခံနေရသလို ဆိုဖာပေါ်မှာ ဆက်ထိုင်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။ ဒါက ဆေးလိပ်တစ်လိပ်ပဲလေ! ဘာလို့များ သူက ဆေးစွဲသလို ခံစားနေရတာလဲ! Feng Xinglang ထွက်ခွါသွားပြီးတဲ့နောက် ဆေးလိပ်မှာ ပါးစပ်ပေါက်‌ပေါ်လာပြီး သူ့ကို စကားပြောနေသလို ခံစားရတယ်။
“တစ်ရှိုက်လောက် မြန်မြန် ဖွါလိုက်စမ်းပါ။ သူသိမှာ မဟုတ်ပါဘူး”။

Su Bei က သူ့ရဲ့ခေါင်းကို လက်မောင်းတွေနဲ့ အုပ်ကိုင်ဝှက်ထားတယ်။ သူက သွေးဆောင်ရလွယ်တဲ့သူ မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားတယ်။အခု Feng Xinglang ကလည်း သူ့ကို စောင့်ကြည့်နေလောက်တယ်။ သူစီးကရက်ကို ကောက်ကိုင်လိုက်တာနဲ့ အဲ့လူက သရဲသဘက်လို ဘွားခနဲ ပေါ်လာပြီး သူ့ကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ထပ်နှိပ်စက်ဦးမှာ။ အချိန်တွေကြာလာတာနဲ့အမျှ Su Bei ဒီလူရဲ့ စိတ်ကို တော်တော်လေး ခန့်မှန်းလာနိုင်နေပြီ ဖြစ်တယ်။
748 ရဲ့ စက်သံနဲ့အတူ Feng Xinglang က ပြန်ရောက်လာခဲ့တယ်။
“ဆွဲဆောင်နိုင်မှုပြ ဇယားမှာ 8% တက်လာပြီး လက်ရှိမှာ လုပ်ငန်းစဉ်ရဲ့ 50% ပြီးမြောက်ပါပြီ”။

Villain,Please Go Easy on Me![Mm Translation]Kde žijí příběhy. Začni objevovat