67+68(Arc-2:End)

1.6K 200 0
                                    

Zawgyi

67. Ancient Times: Making a Sightseeing Tour

စူးပေ့က ယောင်ယောင့်ကို စွန့်ပစ်လိုက်ရမှာလား? သူ ဒီလို မလုပ်နိုင်ပါဘူး!

စူးပေ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး
“သူ့ကို လွှတ်ပေးလိုက်!”

သံစစ်သည်တွေကလည်း အမိန့်ကို နာခံကြပီ့း မင်းသားနိုင်းကို ဖမ်းချုပ်ထားတဲ့ လှောင်အိမ်ကြီးက အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာတယ်။

မင်းသားနိုင်းက သူ့ပတ်ပတ်လည်က သံစစ်သည်တွေကို ကန်ကျောက်လိုက်ပြီး စူးပေ့ကို လည်ချောင်းသံကြီးနဲ့ လှောင်ပြောပြောလာတယ်။
“နောက်ဆုံးတော့လည်း ငါပဲ အနိုင်ရတာပါပဲ”။

စူးပေ့က စိတ်အေးလက်အေးပုံစံနဲ့ပဲ ကြည့်နေလိုက်တယ်။ ပြီးတော့ လုကျင်းယောင်ကို မေးလိုက်တယ်။
“မင်းအခု သူ့ကို လွှတ်ပေးလို့ ရပြီလား?”

ဘယ်လိုလုပ် မင်းသားနိုင်းက ယောင်ယောင့်ကို ဒီလောက်လွယ်လွယ် လွှတ်ပေးနိုင်ပါ့မလဲ? သူက ရိုင်းစိုင်းစွာ ရယ်မောလိုက်ပြီး ရူးသွပ်နေတဲ့ အသံမျိုးနဲ့ ပြောလာတယ်။
“လုကျင်းယောင်... အဲ့ဒီမိန်းမကို သတ်ပစ်လိုက်စမ်း! ဟောဒီက ဘုရင်မင်းမြတ်ကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘာဆိုတာ ပြပေးလိုက်စမ်းပါ!”

လုကျင်းယောင်လည်း ကတိတစ်လုံးကို ချိုးဖြတ်တာ ဆိုးဝါးလွန်းတဲ့ လုပ်ရပ်လို့ တွေးမိတာကြောင့် အနည်းငယ် တွန့်ဆုတ်သွားရတယ်။

ဒီအချိန်ခဏလေးကို အခွင့်ကောင်းယူပြီး စူးပေ့ မင်းသားနိုင်းရဲ့ ဗိုက်ဆီ ဓါးမြှောင်တစ်ချောင်းနဲ့ လှမ်းပစ်လိုက်တယ်။

မင်းသားနိုင်းက တော်တော်လေး နာကျင်ရတာကြောင့် အမျိုးသမီးလေးကို လွှတ်ပေးလိုက်ရတယ်။

စူးပေ့က ‌လုကျင်း‌ယောင်ကို လဲကျသွားအောင် ရိုက်ပစ်လိုက်ပြီး ယောင်ယောင့်ကိုလည်း အဝေးတစ်နေရာဆီ တွန်းထုတ်ပစ်လိုက်တယ်။

မင်းသားနိုင်းက အသိပြန်ဝင်လာပြီး ဓါးမြှောင်ကို ဆွဲနှုတ်လို့ စူးပေ့ဆီ လက်ဝါးချက်တစ်ချက် လွှတ်လိုက်တယ်။

စူးပေ့က System ကို မေးလိုက်တယ်။
“အခုလက်ရှိ ဆွဲဆောင်နိုင်မှုညလုပ်ငန်းစဉ်က ဘယ်လောက်ထိ ရောက်နေပြီလဲ?”

Villain,Please Go Easy on Me![Mm Translation]حيث تعيش القصص. اكتشف الآن