51+52

1K 132 1
                                    

Zawgyi

51. Ancient Times: Prince Regent's Blackmailing

မုချင်းဟန်တစ်ယောက် ဧကရာဇ်အရှင်ရဲ့ ထောင်လွှားမောက်မာပြနေတဲ့ ပုံရိပ်လေးကို တစိမ့်စိမ့်ကြည့်ရင်း နှလုံးသားရဲ့ အတွင်းပိုင်းထဲကတောင် ယားယံလာသလိုပါပဲ။

အထူးသဖြင့် သူ့ရဲ့ မက်မွန်ပွင့်လွှာ မျက်ဝန်းလေးနဲ့ အားလုံးကို ဝေ့ကြည့်လိုက်တဲ့ တစ်ခဏတိုင်းဟာ သိပ်အသည်းယားစရာ ကောင်းလွန်းနေသေးတယ်။

748 က
“ဆွဲဆောင်နိုင်မှုပြဇယားမှာ 5% တက်လာပြီး လက်ရှိမှာ လုပ်ငန်းစဉ်ရဲ့ 49% ပြီးမြောက်ပါပြီ”။

အဲ့ဒါကို ကြားလိုက်ရတဲ့ စူးပေ့က မုချင်းဟန်ကို လှည့်ကြည့်လိုက်မိတယ်။
“ဒါဆို ဒီကိစ္စနဲ့ ပက်သတ်ပြီး ကိုယ်တော့် အနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်လို့များ မောင်မင်း ထင်မိသလဲ?”

မုချင်းဟန်က တစ်ချိန်လုံး တင်းတင်းစေ့ထားခဲ့တဲ့ နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလိုက်ပြီး နှိမ့်ချတယ်လည်းမဆိုသာ ဖိအားပေးခြင်းလည်း မမည်တဲ့ လေသံမျိုးနဲ့ လျှောက်တင်လာတယ်။

“ကျွန်တော်မျိုး ထင်မြင်မိတာကတော့ ကောက်ပဲသီးနှံတွေ ပျက်စီးကုန်တာကြောင့် တိုင်းသူပြည်သားတွေကလည်း ကလန်ကဆန်လုပ်လာကြပါလိမ့်မယ် အရှင်။ ပြည်သူတွေကို ချွေးသိပ်ဖို့ရာ ကျွန်တော်မျိုးတို့ အနေနဲ့ စားနပ်ရိက္ခာနဲ့ ရန်ပုံငွေတချို့ ထောက်ပံ့ပေးသင့်ပါတယ်။ ပျက်စီးသွားရတဲ့ လမ်း၊တံတားတွေကကိုတော့ သက်ဆိုင်ရာ ပြည်နယ်အလိုက် အရာခံတွေက ပြုပြင်ပါလိမ့်မယ်”။

အမတ်ချုပ်အိုကြီးက သူ့ရဲ့ မုတ်ဆိတ်တွေကိုသာ ပွတ်သပ်နေ‌တော့တယ်။ သူတောင်းဆိုချင်တာက အဲ့လို မဟုတ်လား? ချုံကျိုးနယ် အရာရှိက သူ့ကျောင်းသား ဖြစ်ခဲ့တာမို့ ဒီသဘာဝဘေးအန္တရာယ်ကို အကြောင်းပြပြီး ဖန်ငွေရှာနိုင်မယ်လေ။

မုချင်းဟန်ကတော့ တကယ်ကို အကွက်ကျလွန်းပါပေတယ်။

သူက ဒီကိစ္စကို စူးပေ့ ဘယ်လို ဖြေရှင်းမယ်ဆိုတာ ကြည့်ပြီး စမ်းသပ်ချင်ခဲ့တာ။

စူးပေ့က စာလိပ်ကို သေချာပြန်လိပ်ပြီး မုချင်းဟန်ဆီ လှမ်းပစ်လိုက်တယ်။ သူလည်း မုချင်းဟန် ရှောင်နိုင်လိမ့်မယ်လို့ တွေးမိတာကြောင့်သာ ဒီလို ရဲရဲတင်းတင်းတွေ လုပ်ရဲတာပါ။

Villain,Please Go Easy on Me![Mm Translation]Où les histoires vivent. Découvrez maintenant