89+90

859 108 1
                                    

Zawgyi

89. Psychology: Ride A Horse

စူးပေ့တစ်ယောက် သူ့ကိုသူ အားတင်းပြီး စွပ်ပြုတ်ကို မနည်းမျိုချနေရတယ်။

ပြီးတော့ ရှောင်ချန်းရန်က သူ့ကို မြင်းသွားစီးချင်လား ဆိုပြီး လာမေးတယ်။

ပုံမှန်အတိုင်းသာဆို စူးပေ့ ငြင်းလိုက်ချင်ပါတယ်။ မြင်းသွားစီးတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲဒါက အိမ်ထဲမှာနေပြီး ရုပ်ပြဆွဲရတာလောက် ကောင်းမနေပါဘူး။

ရှောင်ချန်းရန်က ပြောတယ်။
“ယဲ့မိန်းကလေးလည်း မင်းရဲ့ ကုသမှု အခြေအနေအကြောင်းကို သိချင်မှာပဲလေ... ဟုတ်တယ်မလား?”

ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် ဒီလူဆိုးကြီးက ပြောမှတော့လည်း....။

စူးပေ့နဲ့ ရှောင်ချန်းရန်တို့ မြင်းစီးကွင်းကို ရောက်လာခဲ့ကြပေမယ့် သူကတော့ မြင်းစီးဖို့ အရေးကို သိပ်လည်း စိတ်ပါမနေသေးပါဘူး။

ဒါပေမယ့်လည်း ရှောင်ချန်းရန်ကြောင့် သူ့မှာ အဝတ်အစားတွေလဲပြီး အကာအကွယ်ပစ္စည်းတွေ ဝတ်လိုက်ရတယ်။(ဒူးကာ၊ တံတောင်ဆစ်ကာ၊ ဦးထုပ် အဲ့ဟာတွေကို ပြောတာနော်... အဟမ်း)

ရှောင်ချန်းရန်ကတော့ ကျွမ်းကျင်သူမို့ အကာအကွယ် သိပ်မလိုတဲ့အပြင် မြင်း‌ရဲ့ ကျောပေါ်မှာ ထိုင်နေတဲ့ သူ့ကို ကြည့်ရတာ အလယ်ခေတ် မင်းမျိုးမင်းနွယ် တစ်ဦးလို အရှိန်အဝါတွေတောင် ဖြာထွက်နေသလိုပါပဲ။

(ဪ... စူးပေ့က မကြိုက်ပါဘူး။ Mission ကြောင့် လိုက်ရရှာတာပါ ညော်။ အထင်လွဲမှာ စိုးလို့ပါ ...ဟုန့်)

သူက စူးပေ့ ရှိရာဆီ လက်ကမ်းပေးလိုက်ပြီး
“ဒီကိုလာခဲ့လေ... ကိုယ်က မင်းကို သင်ပေးမှာပေါ့”။

စူးပေ့ရဲ့ မျက်ဝန်းအစုံကတော့ မစီးချင်ဘူး... သူမစီးလို့ မရဘူးလား... ဆိုပြီး အော်ဟစ်နေသလိုပါပဲ။

ဒါပေမယ့် ရှောင်ချန်းရန်ကတော့ သိသိကြီးနဲ့ လျစ်လျူရှုလို့ စူးပေ့ရဲ့လက်ကို လှမ်းဖမ်းကိုင်လိုက် ပြီးတဲ့နောက်မှာ မြင်းဟာ စတင်ပြေးပါတော့တယ်။

နောက်ကနေ စူးပေ့ရဲ့ ခါးသွယ်သွယ်ကို သိမ်းကြုံးဖက်ထားတဲ့ ရှောင်ချန်းရန်က စူးပေ့ကို နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေတယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now