35+36

2.1K 161 0
                                    

Zawgyi

35. Ancient Time: Transmigrated Back to Ancient Time to Be the Emperor

စူးပေ့ နိုးလာတဲ့အချိန်မှာ ပြီးခဲ့တဲ့ ကမ္ဘာကနေ ရလာတဲ့ အကျိုးဆက်‌အနေနဲ့ သု့ရဲ့ ဝမ်းဗိုက်ပိုင်းမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။

သူဒီလောက်မြန်မြန် သေသွားတဲ့အချိန်မှာ သူမှတ်မိလိုက်တာ တစ်ခုက mission အောင်မြင်သွားတာကိုသာ ဖြစ်ပြီး ဖုန်းရှင်းလန် ဘာတွေ ဆက်ဖြစ်သွားတယ်‌ဆိုတာ သိတောင်မသိလိုက်ရပါဘူး။

ကံကောင်းထောက်မစွာနဲ့ သူ အဲ့ဒီလူနဲ့ လက်ထပ်ဖို့ လက်မခံလိုက်လို့သာ အဲ့လိုမှ မဟုတ်ရင် ဖုန်းရှင်းလန် ရဲ့ ဘဝက သူ့လက်ထဲမှာ အလဟဿ ဖြစ်သွားရတော့မှာ။
(အခုတော့ တစ်ဘဝလုံး ပျက်စီးကြေမွသွားရုံပါ။ လူပျိုရည်တော့ မပျက်ဘူးပေါ့လေ။)

748 ကတော့ ခါတိုင်းလို ရိုးရှင်းပြီး အကြမ်းဖျင်းဆန်စွာနဲ့ပဲ စူးပေ့ ကို ဘာတစ်ခွန်းမှ ပြောမနေတော့ဘဲ ဇာတ်ကြောင်းကိုသာ ချက်ချင်းပို့ပေးလိုက်တယ်။

သူက ဘာလုပ်နိုင်မှာတဲ့လဲ? System ကသာ ဆရာပဲလေ။ သူလုပ်နိုင်တာဆိုလို့ ဇာတ်ကြောင်းကို အမြန် လိုက်‌လေ့လာပစ်လိုက်ဖို့ပဲ ရှိတာပဲကို။
အခုတစ်ခေါက်ကတော့ ရှေးခေတ် ကမ္ဘာပဲဖြစ်တယ်။ ဇာတ်လိုက်မ လုကျင်းယောင်က ဒီကမ္ဘာကို ဝိဉာဉ်ကူးပြောင်းလာခဲ့ပြီး မျက်နှာသာ ပေးမခံရတဲ့ ကြင်ယာတော်တစ်ပါး ဖြစ်လာခဲ့တယ်။

သူက အခြားသူတွေနဲ့ ခပ်ကင်းကင်း နေခဲ့၌မယ့် ဘေးလူတွေကသာ သူ့ကို စပြီး ပက်ပက်သတ်သတ်လုပ်လာခဲ့တယ်။

လုကျင်းယောင်က စတင်ထက်မြတ် တောက်ပလာခဲ့ပြီး ဘုရင်မင်းမြတ်ကို ဆွဲဆောင်နိုင်ရုံတင် မကပဲ ဘုရင်ခံ မင်းသား မုချင်းဟန်ကိုပါ ဆွဲဆောင်နိုင်ခဲ့သေးတယ်။

သူက သိပ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ ဘုရင်တစ်ပါးမို့ လုကျင်းယောင်က လက်ရှိဘုရင်ကို မချစ်မနှစ်သက်လေဘူး။

ဒါကြောင့် သူက ဘုရင်ခံမင်းသားနဲ့ ပူးပေါင်းလို့ ဘုရင်ကိုနန်းချခဲ့ပြီး မိဖုရားခေါင်ကြီး ဖြစ်လာခဲ့တယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now