75+76

990 121 0
                                    

Zawgyi

75. Psychology: Resuming As An Otaku

သူဒီကို ဝိဉာဉ် ကူးပြောင်း မလာခင် ကမ္ဘာအစစ်မှာတုန်းက Comic တစ်ပုဒ်ကို ရက်အနည်းငယ်အတွင်း လက်စသတ်နေခဲ့တာ။ အဲ့ဒါပြီးလို့ သူ ညအိပ်လိုက်တဲ့ အချိန်မှာပဲ ဒီနေရာကို ဝိဉာဉ် ကူးပြောင်း လာခဲ့တယ်။

သူ့မှာ ဘာဆွဲရမယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိတဲ့အလျောက်တော့ သူက တစ်စုံတစ်ယောက်ရဲ့ ဝတ်ရုံအနားစကနေ ခိုစီးခဲ့ရတယ်။

အဲဒီလူက သူ့အတွက် ကိုးကားချက်တွေနဲ့ ဇာတ်လမ်း ကျောရိုးကို ထောက်ပံ့ပေးပြီး သူကတော့ ပုံဆွဲတဲ့ အပိုင်းကို တာဝန်ယူရတယ်.... ရလာတဲ့ ပိုက်ဆံကို သူတို့နှစ်ယောက် ခွဲယူရတယ်ပေါ့။

သူအဲ့ဒီလူကို တစ်ခါမှ မမြင်ဖူးဘူး ဒါပေမယ့် အဲဒီ့လူက သူ့ကို တားမရ ဆီးမရ အရမ်းတွေကို လေးစားနေတာလေ။

ဒါပေမယ့် အဲဒီလူရဲ့ စိတ်ကူးတွေက အရိုင်းဆန်လွန်းပြီး အထိန်းအကွယ်မဲ့နေတယ်လို့ ပြောရလောက်အောင်ကို ထူးဆန်းတဲ့ ဇာတ်လမ်းတွေချည်းပဲ။

အခုတော့ သူအချိန်အကြာကြီး ဦးနှောက်ကို အလုပ်ပေးပြီးတာတောင် ဇာတ်ကြောင်းက ပေါ်မလာတာကြောင့် သူ့အကြောင်းသူပဲ ပြန်ဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ကမ္ဘာမှာ ဇာတ်လမ်းတစ်ခုနဲ့ နှစ်ကမ္ဘာ ဝိဉာဉ်ကူးပြောင်းခဲ့တဲ့ အကြောင်းကိုပေါ့။

သူ့ရဲ့ စိတ်ကို ဆုံးဖြတ်ပြီးတဲ့ အချိန်မှာ စူးပေ့ ပုံဆွဲဖို့ရာ စပြင်ဆင် လိုက်တယ်။

Computer က ရှိပြီးသားဆိုတော့ သူ့အနေနဲ့ drawing board နဲ့ အခြား ကိရိယာ တန်ဆာပလာ လေးတွေပဲ ဝယ်စရာ လိုတော့တယ်။

Board ကို ကောက်ကိုင်လိုက်တဲ့ အချိန်မှာ သူ ရင်တွေ ခုန်လွန်းလို့ ငိုချမိတော့ မတတ်ပဲ။ သူ့စိတ်ထဲမှာ အရင်အချိန်တွေကို ပြန်ရလာသလို ခံစားလိုက်ရတယ်။

တစ်‌နေ့တော့ စူးပေ့ရဲ့ ဦးနှောက်ထဲမှာ ချောင်ထိုးခံထားရတဲ့ ရှောင်ချန်းရန်က စူးပေ့ကို အပြင်တူတူသွားဖို့ရာ ခေါ်တယ်။

စူးပေ့တစ်ယောက်ဆိုတာ အဲဒီ့တော့မှပဲ ဆွဲဆောင်ခံဝတ္ထု အကြောင်းကို သတိရမိလာတော့တယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now