15+ 16

1.4K 184 0
                                    

Zawgyi

15. President: The Fierce Captivating Progress

Feng Xinglang မတ်တပ်ရပ်လို့ စားပွဲခုံကို ကျောပေးထားပြီး အပြင်ဘက်ကို ကြည့်နေခဲ့တယ်။ ခဏအကြာမှာတော့ ခုံနောက်မှီပေါ်က သူ့ရဲ့ အပေါ်ကုတ်ကို ဆွဲယူပြီး ထွက်သွားပါလေရော။ ဝန်ထမ်းတွေကရော မနက်ဆို ရုံးကို အစောဆုံးလာပြီး အမြဲနောက်ဆုံးမှ ပြန်လေ့ရှိတဲ့ သူတို့ရဲ့ ဥက္ကဌ အစောကြီး ပြန်သွားတာကို တအံ့တဩ ကြည့်နေကြတယ်။

Feng Xinglang တစ်ယောက် သူ့ရဲ့ villa ကို ပြန်လာနေတာ ဆိုပေမယ့် နီးလာလေလေ စိတ်လှုပ်ရှားမိလာလေလေပါပဲ။

သူတံခါးကို တွန်းဖွင့်ပြီး ဝေ့ဝဲကြည့်လိုက်ပေမယ့်လည်း ဆိုဖာပေါ်မှာ ခွေခေါက်ထိုင်နေတဲ့ မြင်နေကျပုံရိပ်လေးက ရှိမနေခဲ့ပါဘူး။ Cheng Qianxiao မီးဖိုချောင်ထဲက ထွက်လာခဲ့တယ်။ နည်းနည်း အံ့ဩသွားတယ်ဆိုပေမယ့် သေချာပေါက်ကို ‌ပျော်သွားတာပေါ့။
“ဥက္ကဌ Feng တောင် ပြန်ရောက်ပြီပဲ။ ကျွန်မ နေ့လည်စာလုပ်ထားတာ တူတူစားကြမလားဟင်?”

Feng Xinglang ရဲ့ မျက်လုံးတွေကျုံ့သွားပြီး သူ့ရဲ့မျက်နှာထားက သိပ်ကို စိတ်မရှည်ဖြစ်နေတယ်ဆိုတာ သိသာနေတယ်။
“Su Bei ဘယ်မှာလဲ?”

Cheng Qianxiao လက်ချောင်းတွေ တင်းခနဲဖြစ်ပြီး အကြောတွေ ထောင်ထလာပေမယ့် သူ့ရဲ့မျက်နှာကတော့ ပုံမှန်အတိုင်းပါပဲ။
“မနက်က ကျွန်မသူ့ကို ဆားကုန်နေကြောင်း ပြောလိုက်တည်းက သူဝယ်ပေးမယ်ဆိုပြီး ထွက်သွားတာ ခုထိကို ပြန်မလာသေးပါဘူး”။

သူမက တစ်ခုခုကို သတိရသွားသလိုနဲ့
“သူ့ဆီ ဖုန်းတစ် call ဝင်လာတာ‌တော့ သိလိုက်တယ်။ သူ့အမေဖြစ်မယ် ထင်တယ်။ ကျွန်မ ဖြတ်သွားရင်း ကြားမိတာကတော့ လက်ထပ်တယ် ဆိုလားပါပဲ။ တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲကို သွားစရာရှိလို့ နေမှာပေါ့”။

Feng Xinglang ရဲ့ စိတ်ထဲ တစ်စုံတစ်ခုကို ဖျက်ခနဲ စဉ်းစားမိသွားတယ်။ သူက နောက်လှည့်ပြီး အပြင်ကို ပြန်ပြေးထွက်သွားလေတယ်။
Cheng Qianxiao ‌လှည့်ထွက်သွားတဲ့ Feng Xinglang ရဲ့နောက်ကျောကို ကြည့်ပြီး ပြုံးမိလိုက်ပါသေးတယ်။ အခုကစပြီး သူ Su Bei ကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူး။
သူ Su Bei အပေါ် ဆက်ဆံပုံတွေက လုံးဝမှားယွင်းနေခဲ့မှန်း အခုလိုပုံစံနဲ့ ထောက်ပြခံရကာမှပဲ သိလာတော့တယ်။ Feng Xinglang ကားကို ဦးတည်ရာမဲ့ မောင်းနှင်နေရင်း သူ့ရဲ့ အတွင်းရေးမှူးဆီ ဖုန်းခေါ်လိုက်တယ်။
“ငါ့ကို Su Bei အကြောင်း စုံစမ်းပေး!”

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now