Zawgyi
122. Era Of Republic Of China: Being Forced To Wear Women's Clothes Again
ပြီးတော့ အခုတစ်ခေါက် ကိုက်ခံရတာ နှုတ်ခမ်းတစ်ခုတည်းတင် မကဘူး။ လည်ပင်းညှပ်ရိုးတွေဆို တချို့နေရာမှာ ကျိုးကြေသွားတော့မလိုပဲ။
ဟန်စန်းယဲ့က သူ့ကို ကိုက်ရုံပဲ ကိုက်ပြီး အခြားကိစ္စတွေ လုပ်မလာတာကပဲ စူးပေ့အတွက် တော်တော်လေး ကံကောင်းနေသလို ခံစားရတယ်။ ကြောက်စရာ ကောင်းလိုက်ပုံများ!
ညနေခင်းမှာ စူးပေ့ ဝတ်ရမယ့်အဝတ်တွေ အားလုံးကို ဟန်စန်းယဲ့က စီစဉ်ပေးထားတယ်။
ဒါပေမယ့် အများကြီးတွေ လျှောက်တွေးမနေပါနဲ့လေ။ သူက စူးပေ့ကို အမျိုးသမီးဝတ် အဝတ်အစားတွေပဲ ဝတ်စေချင်တာ။
စူးပေ့က မလုပ်ချင်ဘူးဆိုလည်း ဟန်စန်းယဲ့က သူ့ဘာသာ မရ အရ လုပ်ယူလို့ ရနေတာပဲလေ။
အနောက်တိုင်းဝတ်စုံ ဂါဝန်ကားကားကြီး တွေတော့ မဟုတ်ပေမယ့် ဒီတစ်ခါ ဝတ်ရမှာက ချောင်ဆမ်။
အပေါ်မှာ အဖြူရောင် သားမွေးခြုံထည်လေးပါ ပါသေးတယ်။
ရင်ဘတ်ရှေ့မှာ မဆိုသလောက်လေး ပြားနေတာကလွဲရင် စူးပေ့ဟာ တကယ့်ကို မျိုးရိုးမြင့် သခင်မလေး တစ်ဦးလိုပါပဲ။
ဟုတ်တာလည်း မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကို အမြဲ ကာကွယ်ချင်နေတဲ့ စူးပေ့တစ်ယောက် နောက်ဆုံးတော့လည်း ဆွဲထုတ်ခံလိုက်ရတာပါပဲ။
ဘီးတပ်ကုလားထိုင်လေးပါ အဆစ်ပါသေးတယ်။
စူပေ့ မထိန်းနိုင်တော့ဘဲ ဟန်စန်းယဲ့ကို ထုတ်မေးလိုက်မိတယ်။
“ကျွန်တော် အမှန်တိုင်း ဝန်ခံလိုက်မှာကို ခင်ဗျား မကြောက်ဘူးလား?”“စူးသခင်မလေး ဘာပြောချင်နေတယ် ဆိုတာ ကျွန်တော် နားမလည်ဘူးရော်”။
ဟန်စန်းယဲ့က တစ်ခြမ်းတည်း ပြုံးလိုက်ပြီး ပြောလာတယ်။စူးပေ့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတောင် တဆတ်ဆတ် တုန်လာသလိုပဲ။
“ယဉ်ယဉ်ကျေးကျေး ပြောလိုက်မယ်။*ီးပါပဲ”။(T/N: Gel’s သားက ယဉ်ကျေးလိမ္မာသင်တန်းဆင်းလေး)
ဟန်စန်းယဲ့ရဲ့ ခပ်ရွှင်ရွှင် မျက်ဝန်းတွေက ချက်ချင်းပဲ တည်တင်းသွားတယ်။
“မင်းပါးစပ်က သိပ်ကို ညစ်ပတ်နေတာပဲ။ ကိုယ်ကိုယ်တိုင် သန့်ရှင်းပေးမှ ဖြစ်မှာပါ”။
YOU ARE READING
Villain,Please Go Easy on Me![Mm Translation]
FantasyI don't own this story. I am just a translator.