31+32

1.5K 147 0
                                    

Zawgyi

31. President: President Feng's Scheme

ကြားနေကျ မဟုတ်တဲ့ အသံတစ်သံက မေးလာတယ်။
“ဟယ်လို။ Mr. Feng ရဲ့ မိသားစုလား မသိဘူးခင်ဗျ? Mr. Feng က အရမ်းမူးနေလို့ပါ။ အဲ့ဒီဘက်က လာခေါ်ပေးလို့ ရမလား ခင်ဗျ?”

Su Bei ရုတ်တရတ် အံ့အားသင့်သွားပြီး မြန်မြန်ပဲ ပြန်မေးလိုက်တယ်။
“ဘယ်နေရာလဲဗျ?”

အဲ့ဒီလူက bar ဆိုင်တစ်ဆိုင်ရဲ့ နာမည်ကို ရွတ်ပြလာခဲ့တယ်။

Su Bei ဆွယ်တာတစ်ထည်ကို ကောက်စွပ်လိုက်ပြီး ထွက်လာခဲ့တယ်။

Feng Xinglang က ဘားမှာ သွားသောက်နေတာတဲ့လေ။

ပြောချင်တာက သူအခု အလေလိုက်နေတာပေါ့?

မနေ့က သူလက်ထပ်ခွင့် တောင်းတုန်းက ငြင်းမိလိုက်လို့များလား?

Su Bei အဲ့လို တွေးမိလိုက်တော့လည်း နည်းနည်း အပြစ်ရှိသလို ခံစားမိသွားရတယ်။ သူက သူ့ရဲ့ Mission အတွက်နဲ့ အဲဒီလူကို လှည့်စားလိုက်သလို ဖြစ်သွားတယ်လေ။

ဒါပေမယ့် အမည်ခံ မူးနေတဲ့ Feng Xinglang ကတော့ ဝိုင်နီတစ်ခွက်ကို လှည့်ကာ လှုပ်နေပြီး အမှောင်ထဲမှာ ပုန်းနေလေရဲ့။

ခွက်ထဲက‌ ဝိုင်တွေကတော့ သွေးစက်တွေလို ရဲရဲတောက်လို့ ပါပဲ။

ဖုန်းခေါ်ပေးနေတဲ့ ကောင်လေးက Feng Xinglang ကို အံ့အားသင့်သလို ပုံစံနဲ့ ကြည့်နေပြီး
“ခင်ဗျားက ဒီလို ကလေးဆန်တဲ့ လှည့်ကွက်သေးသေးလေးတွေကို ထုတ်သုံးတာ တော်တော်လေး ရှားပါးတာပဲ”။

“ခင်ဗျား မနေ့က လက်ထပ်ခွင့်တောင်းတာ ငြင်းခံလိုက်ရတယ်လို့ ကြားတယ်။ မဟုတ်မှ အခု ကျွန်တော်ခေါ်လိုက်တဲ့ ကလေးလေးများလား?”

Feng Xinglang က သူ့ရဲ့မေးခွန်းကို ပြန်မဖြေပဲ ပြောတယ်။
“မင်း သွားလို့ရပြီ”။

အဲ့ဒီကောင်လေးက သွက်သွက်ခါသွားသလို ပုံစံနဲ့
“ခင်ဗျားက ကျွန်တော့်ကို အသုံးချပြီးတာနဲ့ လွှင့်ပစ်ဖို့ ကြံနေတာလား? ကျွန်တော့်ဆီက အကူအညီလည်းရရော ကျွန်တော့်ကို နှင်ထုတ်ပြီပေါ့လေ”။

Feng Xinglang အစကတော့ ဘာမှ ပြန်မပြောပေမယ့် ဝိုင်နီတွေကို အကုန် မော့ချပစ်လိုက်ပြီး
“သူ ခဏနေရင် ရောက်လာတော့မှာ”။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now