Zawgyi
118. Era Of Republic Of China: Lin Wanbai's Intention
ဒီလို ပြောနေပေမယ့် ဟန်စန်းယဲ့က ငြင်းပစ်လိုက်တယ်။
“တကယ်တမ်း ကျေးဇူးတင်သင့်တာက စူးပေ့ပါ။ စူးမိန်းကလေးက ဒီလိုတွေ လုပ်နေစရာ မလိုပါဘူးလေ”။စူးရှီက နည်းနည်းလေး စိတ်ဆိုးသွားပေမယ့် ထပ်မပြောဘဲ နေလိုက်တယ်။ အဲဒီအစား သူပြောလိုက်တာက
“ကျွန်မတို့က ရှင့်ကို မနှောက်ယှဉ်ချင်တော့တာကြောင့် စူးပေ့ကို အရင်ဆုံး အိမ်ကို ပြန်ခေါ်သွားလိုက်ပါ့မယ်။ တကယ်လို့ ရှင့်ဘက်က စိုးရိမ်တယ် ဆိုရင် မကြာခဏ လာလည်ပေါ့လေ နော်”။စူးပေ့မှာတော့ သူ့ကို လက်ခုပ်တီးပေးချင်စိတ်တွေ ထိန်းမရအောင် ပေါ်လာတယ်။ ဒီနေ့တစ်ပိုင်းအတွင်းမှာ စူးရှီ ဉာဏ်ကောင်းလာတယ်လို့ သူ ဘာကြောင့် ထင်နေမိပါလိမ့်?
ဟန်စန်းယဲ့ကလည်း ထပ်ငြင်းတယ်။
“စူးသခင်လေးက ကျွန်တော့်ကြောင့် ခြေကျင်းဝတ်လည်သွားခဲ့တယ်လေ။ အဲဒီတော့ ကုသဖို့ရာ ဒီမှာ ခဏတော့ ဆက်နေရလိမ့်မယ်”။စူးရှီကတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထွက်သွားဖို့ရာသာ တတ်နိုင်ပါတော့တယ်။
သူက စိတ်ဆိုးနေတာကို တစ်ချက်ကလေးတောင် ထုတ်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ထွက်သွားတယ်။
စူးပေ့ ပိုပြီးတော့တောင် စပ်စုချင်လာတယ်။ စူးရှီတစ်ယောက် ချစ်မှုရေးရာ အကြံပေးကောင်းနဲ့များ တွေ့သွားလေသလား?
ဟန်စန်းယဲ့ကမေးတယ်။
“သူ့ကို မသွားစေချင်ဘူးလား?”စူးပေ့က ခေါင်းကို ခါယမ်းလိုက်ပြီး
“မဟုတ်ပါဘူး... စူးရှီက နည်းနည်းလေး ကြောက်ဖို့ကောင်းလာတယ်လို့ တွေးမိလိုက်လို့ပါ”။ဟန်စန်းယဲ့ကလည်း စိတ်ဝင်တစားနဲ့ ပြောလာတယ်။
“ကိုယ်လည်း အဲ့လို ထင်မိသား... ကောင်းပြီ.... ဘာလို့လဲဆိုတာ မင်းသိချင်လား?”စူးပေ့က သူ့ကိုကြည့်ပြီး
“ခင်ဗျားက သိတယ်ပေါ့?”ဟန်စန်းယဲ့ကပြောလိုက်ပြီး
“ဟင့်အင်း... ကိုယ်မသိပါဘူး”။
YOU ARE READING
Villain,Please Go Easy on Me![Mm Translation]
FantasyI don't own this story. I am just a translator.