65+66

1K 135 0
                                    

Zawgyi

65. Ancient Times: Becoming A Father Again

မုချင်းဟန်က တွေးရင်း အေးစက်စက် ပြုံးလိုက်မိတယ်။
“စူးပေ့ ဒီဘဝတော့ မင်းကိုယ့်ကို ဘယ်တော့မှ ဖယ်ထုတ်လို့ရမှာ မဟုတ်တော့ဘူး”။

စူးပေ့ ဝမ်းနည်းသလို ခံစားနေရတယ်။

စူးပေ့ တကောက်ကောက်လိုက်တာ ခံနေရတဲ့ ယောင်ယောင်က ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။
“ဒီတော့ အရှင် အခု ဘာလုပ်မှာလဲ?”

စူးပေ့ စိတ်ရှုပ်ထွေးသွားရတယ်။
“ဘာကိုလဲ?”

ယောင်ယောင်က တစ်ချက်ပြုံးလိုက်ပြီး ပြောတယ်။
“အရှင့်နှလုံးသားထဲမှာ မုချင်းဟန် ရှိနေတယ် မဟုတ်လား?”

ယောင်ယောင်က ထူးဆန်းတဲ့အတွေးမျိုးတွေချည်း ခေါင်းထဲ စုပြုံထည့်ထားတယ်လို့ စူးပေ့ ထင်မိသွားတယ်။ သူက သူ့တာဝန် မပြီးမြောက်နိုင်တော့တာမို့ စိတ်ပျက်ဝမ်းနည်း နေရုံပါပဲ။

ယောင်ယောင်က ပြုံးလိုက်ပြီး
“အရှင့်မှာလည်း  မျက်နှာနှစ်ဘက် ရှိနေနိုင်တာပဲလေ။ သူပြန်လာတဲ့အခါ အရှင်က ဒီအကြောင်းတွေကို ရှင်းပြလိုက်ပေါ့”။

စူးပေ့ရဲ့ စိတ်ထဲမှာတော့
“သေချာပေါက်ကို လုပ်ရမှာပေါ့! တကယ်လို့ မုချင်းဟန်သာ ငါ့ကို အထင်လွဲသွားရင် ငါ့ရဲ့ ဆွဲဆောင်နိုင်မှုပြဇယားက ဘယ်လိုလုပ် တက်လာတော့ပါ့မလဲ?”

ညသန်းခေါင် စူးပေ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန် ကုတင်ဘေးဘက်က အမှောင်ထဲမှာတော့ လူတစ်‌ယောက် မတ်တပ်ရပ်နေခဲ့တယ်။

သူက တစ်စက်ကလေးမှတောင် မလှုပ်ပဲ စူးပေ့ အိပ်ပျော်နေတာလေးကိုပဲ စောင့်ကြည့်နေခဲ့တယ်။

တစ်စုံတစ်ခုကို သတိပြုမိလိုက်တာကြောင့် စူးပေ့ နိုးထလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ရဘူး ဖြစ်နေပြန်တယ်။

သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတယ်လို့ အမြဲခံစားနေရတဲ့ စူးပေ့ကတော့ သူ့ကိုသူ Neurasthenia ဖြစ်နေတယ်လို့တောင် ထင်မိနေပြီ။

သူသက်ပြင်းချလိုက်ပြီး ပြန်သာအိပ်လိုက် ပါတော့တယ်။

အဲ့အချိန်မှာပဲ အမှောင်ထဲကနေ လက်တစ်ဖက် ထွက်လာပြီး သူ့ရဲ့ နောက်ကျောကနေ ဖိဖက်ထားခဲ့တယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now