09+10

1.5K 176 0
                                    

Zawgyi

09. President: ‘The Female Lead’ Is Here

နောက်နေ့ မနက်စောစောမှာ Su Bei တံခါး ဘဲလ်သံကြောင့် နိုးလာခဲ့ရတယ်။ သူနိုးနိုးချင်း ခံစားလိုက်ရတာ တစ်ခုက သူ့လည်ပင်းထဲ မီးမြှိုက်ထားသလို စူးပြီး နာနေတာကိုပါပဲ။ သူအရင်ညဝက ဘယ်လို အကုသိုလ်တွေကိုများ ကျူးလွန်ခဲ့မိပါလိမ့်? ဘာလို့များ ဒီလို လူဆိုးကောင် အကြီးစားကိုမှ ဆွဲဆောင်ဖို့ သတ်မှတ်ခံထားရတာလဲ?

Su Bei တံခါးသွားဖွင့်ဖို့ ဧည့်ခန်းထဲကနေ ဖြတ်သွားစဉ် စားပွဲပေါ်မှာ နည်းနည်းနောနော မဟုတ်တဲ့ ဆေးဗူးတွေကို တွေ့လိုက်ရတယ်။

Su Bei အဲ့ဒီဆေးတွေကို ယူကြည့်လိုက်တော့ သူ့လည်ချောင်းအတွက် ဖြစ်နေတာမို့ နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားရတယ်။ အင်း အခုကြည့်ရတာတော့ အဲ့ဒီ Feng Xinglang လည်း နည်းနည်းတော့ လူသားဆန်လာသလိုပါပဲ။ သူတံခါးကို ဖွင့်လိုက်တော့ အပေါက်ဝတည့်တည့်မှာ Cheng Qianxiao က ဦးညွတ်ထားတယ်။
“Mr.Feng, ကျွန်မက အိမ်အကူအနေနဲ့ အလုပ်လုပ်ပေးဖို့ လာခဲ့တာပါ။ ကျွန်မ မသိနားမလည်တာများ ရှိခဲ့ရင် သင်ကြားပြသပေးပါဦး”။

Su Bei အသံတောင် မထွက်နိုင်တော့ဘူး။ အိမ်အကူလုပ်တာကတော့ လက်ခံနိုင်ပေမယ့်လည်း အိမ်အကူက အဲ့လောက်ထိ ဟိုက်ပြတ်နေတာမျိုး ဝတ်စရာ လိုလို့လား? ဒီကြားထဲ သူက ဦးညွတ်လိုက်သေးတော့ မျက်လုံးထဲမှာ ရင်နှစ်မွှာက ထင်းခနဲ လင်းခနဲ။ Cheng Qianxiao ပြောတဲ့စကားကို ပြန်မတုံ့ပြန်မိဘူး။ သူမ
မော့ကြည့်လိုက်ပြီး မျက်နှာကြီးတောင် စိမ်းလာတယ်။ သူက ‌ရုပ်ပျက်ဆင်းပျက် လှောင်‌ပြောင်တဲ့ လေသံနဲ့
“ဘယ်လိုလုပ် ရှင်ဖြစ်နေရပြန်တာလဲ?”

Su Bei ပြန်ပြောမလို့ ပြင်လိုက်ပေမယ့် သူဘာမှ လုပ်ရသေးခင်မှာပဲ Cheng Qianxiao က သူ့မျက်နှာကို ရိုက်ချပစ်လိုက်တယ်။ Cheng Qianxiao က သူ့ရဲ့ရင်ဘတ်ကို သူပြန်ကာပြီး အော်ပြန်ရော။
“ရှင် နှာဘူး!”

Su Bei ရဲ့ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး အသံကလည်း အေးစက်လာခဲ့တယ်။
“Cheng Qianxiao ငါကတော့ မင်းကိုမင်း ဒီကို အိမ်အကူလုပ်ဖို့ ရောက်လာတယ်ဆိုတာကို မမေ့စေချင်ဘူး”။
“ဘာကိုလုပ်သင့်တယ် ဘာကိုမေးသင့်တယ်နဲ့ ဘာကို မမေးသင့်ဘူးဆိုတာ မင်းက ပိုသိမှာပါ”။
“5 Million တန် အိမ်အကူဆိုပေမယ့်လည်း အိမ်အကူက အိမ်အကူပဲ မို့လို့ အခြားသူနဲ့ ယှက်ရင် ဘာမှ ထူးခြားမနေပါဘူး”။
“ကွာတာဆိုလို့ Feng Xinglang ကအရမ်းကို ချမ်းသာပြီး ဖြုန်းတီးတတ်တာက လွဲရင် ဘာဆိုဘာမှကို မရှိတာ”။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now