69+70

1.5K 146 0
                                    

Zawgyi

69. Psychology:Famale Lead Is a Drama Queen

စူးပေ့ သက်ပြင်းချလိုက်တယ်။
“748 ငါမင်းနဲ့ တစ်ခုလောက်လေး ဆွေးနွေးကြည့်လို့ ရမလား?”

748 က ခါတိုင်းလို အေးစက် ပြတ်သားတဲ့ အသံနဲ့ပဲ
“ပြောလေ!”

စူးပေ့က သနားစရာ လေသံလေးနဲ့
“တာဝန်အောင်မြင်တိုင်း ငါက သေပေးမှ ဖြစ်မှာလားဟင်? အဲ့ဒါက အရမ်း နာတယ်လို့”။

748 ကတော့ ရက်ရက်စက်စက်ပဲ။
“ဇာတ်ကြောင်းအရပါ”။

‌စူးပေ့ နောက်ထပ် ကမ္ဘာတစ်ခုအတွက် ဇာတ်ကြောင်းကို လက်ခံရရှိခဲ့တယ်။

အဓိကဇာတ်လိုက် ရှောင်ချန်းရန်က မူလဇာတ်ကြောင်းမှာ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တစ်ဦး ဖြစ်ပြီး အဲ့ဒီ့နယ်ပယ်မှာတော့ လုံးဝ ပြိုင်ဘက်ကင်းပဲ။

IQ ရော EQ ရော မြင့်လွန်းတာကြောင့်လည်း လူသိများတယ်။

အဲ့ဒီအချိန်မှာ ဇာတ်လိုက်မ စူးစူးက ကောလိပ်ကျောင်းသူ အရွယ်ပဲ ရှိသေးတယ်။

ရှောင်ချန်းရန်ကို သူတို့ကျောင်းမှာ စာလာသင်ဖို့ ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားရာကနေ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ ဆုံတွေ့ခဲ့ကြတာ။

သူအဲ့ဒီက အပြန်လမ်းမှာ ဇာတ်လိုက်မကို သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ မောင်ဖြစ်သူက ပိုက်ဆံတောင်းနေတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။

ရှောင်ချန်းရန်က အဲဒီ ပုံမှန်မဟုတ်တဲ့မောင် ဖြစ်သူကို ရိုက်ချက်အနည်းငယ်နဲ့ မှောက်သိပ်ပစ်လိုက်ပြီး စူးစူးကို ကယ်တင်ပေးခဲ့တယ်လေ။

အဲ့ဒီ့နောက်မှာတော့ သူတို့တွေ ခွေးဇာတ်ခင်းကြတော့တာပေါ့။

အဲဒီ ပုံမှန်မဟုတ်တဲ့ မောင်ဖြစ်သူက အခြားသူမဟုတ်ပဲ စူးပေ့ကိုယ်တိုင် ဖြစ်နေခဲ့တယ်။

အခုသူက ကျောင်းရဲ့ ဘေးဘက်က လမ်းကြားလေးထဲမှာ ရောက်နေတာ ဖြစ်ပြီး ပိုက်ဆံတောင်းဖို့ရာအတွက် စူးစူးထွက်လာတာကို ရပ်စောင့်နေခဲ့တာ။

စူးစူးရဲ့ မိသားစု နောက်ခံမျိုးရိုးကြောင့် သူ့ရဲ့ မိဘတွေဟာ သမီးမိန်းကလေးထက် သားယောက်ျားလေးကို ပိုအလေးပေးကြတယ်။ ဒါကြောင့် သူတို့က စူးစူးဘက်ကို တစ်ချက်လေးတောင် မငဲ့ကြည့်ပဲ စူးပေ့ကို မွေးစားလိုက်ကြတယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now