114+115

849 118 0
                                    

Zawgyi
114. Era Of Republic Of China: Got Molested

စူးပေ့ တွေးမိလိုက်တာ တစ်ခုက အဲဒီ ဒေါက်မြင့်ဖိနပ်ကြီးပဲ အမြဲစီးထားရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်မလာခဲ့တာ သိပ်ကံကောင်းတာပဲ ဟူ၍။

ဒါပေမယ့် အဲဒီ အမျိုးသမီးတွေ သူတို့ အမြဲလှနေဖို့ ဆိုလို့ကတော့ ကိုယ့်ကိုယ်ကို အပေါ်တောင် ရက်စက် နိုင်ကြတယ်လေ။

ရုတ်တရတ်ကြီး မီးကျိုးမောင်းပျက် တရုတ်စကားသံကြီးက ထွက်ချလာပြန်တယ်။
“ဟိုရှေ့က အရှေ့တိုင်းသူ အလှလေး မင်္ဂလာပါ!”

စူးပေ့လည်း အလင်းရဲ့ အလျင်နဲ့ ခြေထောက်ကို ဆွဲပြီး ဒေါက်မြင့်ဖိနပ်ကို အလျင်အမြန် ကောက်စွပ်ပစ်လိုက်တယ်။

ဒါပေမာ့် သူအရမ်းကို အလျင်လို မိလိုက်တာကြောင့် မတ်တပ်ရပ်လိုက်ချိန်မှာ နည်းနည်း ယိုင်သွား‌တယ်လေ။

အဲဒီ့အချိန်မှာပဲ နိုင်ငံခြားသားတစ်ယောက်က သူ့ရဲ့ လက်ကို လှမ်းဆွဲပြီး မြေပြင်ပေါ် ပြုတ်ကျမှာကို စိုးရိမ်မိတာကြောင့် သူ့ရဲ့ခါးကို ဆွဲပွေ့‌ပေးလိုက်တယ်။

ဒီပေမယ့်လည်း စူးပေ့တစ်‌ယောက် သာခွေယိုင်ဖြစ်နေတဲ့ ခြေထောက်တွေကြောင့် ငိုတောင် ငိုမိတော့မလိုပဲ။

စူးပေ့လည်း နိုင်ငံခြားသားရဲ့ လက်ကို ဖယ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်ချင်ပေယမ့် အသံကြောင့်နဲ့ သူဟန်ဆောင်ထားသမျှ ပေါ်သွားမှာကို စိုးရိမ်မိတာကြောင့် တိတ်တိတ်နေဖို့ပဲ ရွေးချယ်လိုက်ပါတော့တယ်။

နိုင်ငံခြားသားရဲ့ လက်မောင်းကတော့ လုံးဝကို မလှုပ်ဘဲ စူးပေ့ရဲ့ ခါးကို သေတော့မလို ခပ်တင်းတင်း ပွေ့ဖက်ထားတုန်းပါပဲ။
“မင်းရဲ့ ခြေထောက်ကတော့ တစ်ခုခု ဖြစ်သွားပြီ ထင်ရဲ့။ ကိုယ် မင်းကို နည်းနည်း စစ်ဆေးပေးလို့ ရမလား?”

စူးပေ့ ခေါင်းထဲ အချက်ပေးသံ ညံထွက်သွားပြီး အဲဒီ တိုင်းတစ်ပါးသားကို တွန်းဖယ်ကာ ခပ်ဝေးဝေးနေလိုက်ဖို့ပဲ ကြိုးစားနေမိတယ်။

ဒါပေမယ့် သူ့ရဲ့ ရုန်းကန်နေရခြင်းဟာ မထိရောက်တာကြောင့် စူးပေ့ စိတ်ထဲကနေသာ ကျိန်ဆဲနေမိတော့တယ်။
ဘယ်လိုလုပ်ပြီးတော့များ လူနှစ်‌‌ဦးကြား ကွာခြားချက်က ဒီလောက်ထိ ကြီးမားနိုင်ရပါသလဲ?

Villain,Please Go Easy on Me![Mm Translation]Hikayelerin yaşadığı yer. Şimdi keşfedin