11+12

1.4K 184 0
                                    

Zawgyi

11. President: I'm Thick-Skinned Anyway

Feng Xinglang က ပါးစပ်ကို တင်းတင်းစေ့လိုက်ပြီး
“Su Bei လည်း တော်တော်ဆာနေပုံရလို့ သူ့ကိုပေးလိုက်”။

အဲ့စကားကို ကြားလိုက်တဲ့ Su Bei  နည်းနည်းလန့်သွားပြီး လေချဉ်တောင် တက်မိသွားတယ်။ သူက သူ့ပါးစပ်ကို အမြန်ကာလိုက်ပြီး Feng Xinglang ကို သွားဖြဲပြီး ပြုံးပြလိုက်တယ်။ ဒီလိုနဲ့ပဲ ဖက်ထုပ်တွေ စားပြီးသား Su Bei က Cheng Qianxiao လုပ်ထားတဲ့ စွတ်ပြုတ်တွေကိုပါ ထပ်စားလိုက်ရတဲ့အပြင်ကို အဲ့မိန်းမရဲ့ ဓါးသွားသေးသေးလေးတွေ စုထားသလို စူးရှနေတဲ့ အကြည့်တွေနဲ့လည်း ကြည့်ခံလိုက်ရပါသေးတယ်။ ဗိုက်အရမ်းပြည့်နေတဲ့ Su Bei က Feng Xinglang ကို တည့်တည့် စိုက်ကြည့်လိုက်တယ်။ သူအရမ်းတွေကို စိတ်ဆင်းရဲနေပါပြီ။ အခုလောက်ဆို သူ့ရဲ့ ဆွဲဆောင်နိုင်မှုပြဇယားက နည်းနည်းလေးလောက်တော့ တက်လာသင့်တယ် မဟုတ်လား? Feng Xinglang က Su Bei ရဲ့ မျက်လုံးတောက်တောက်တွေကို ကြည့်ပြီး ခေါင်းကို ထပ်ပွတ်ပေးမိသွားပြန်တယ်။
“နောက်ကျနေပြီ။ သွားအိပ်တော့”။

အဲ့နောက်မှာတော့ Su Bei ထင်တဲ့အတိုင်း 748 ဆီက စက်သံကို ကြားလိုက်ရတယ်။
“ဆွဲဆောင်နိုင်မှုပြဇယားမှာ 5% တက်လာနေပြီး လက်ရှိမှာ လုပ်ငန်းစဉ်ရဲ့ 39% ပြီးမြောက်ပါပြီ”။

ကျေးဇူးတင်ပါတယ် ဘုရားသခင်! သူ့ရည်မှန်းချက် အောင်မြင်သွားတဲ့ Su Bei ကတော့ ပြန်ထွက်ခွါသွားပါတော့တယ်။ Feng Xinglangကတော့ သူ့သဘောနဲ့သူ ထွက်သွားတတဲ့ Su Bei ရဲ့ ကျောပြင်သေးသေးလေးကို ကြည့်ပြီးတော့တောင် သူ့ရင်ထဲမှာ တစ်ခုခုက လစ်ဟာသွားသလို ခံစားလိုက်ရတယ်။
(ဟိုက အိပ်ချင်လို့ အခန်းထဲ ဝင်ရုံပါဟ ကဲကဲသဲသဲဒွေ)
“ငါကတော့ မင်းကို လူလိမ်လေးလို့ပဲ ထင်ထားခဲ့တာကို မင်းကတော့ ကွယ်ရာမှာ အတင်းတုပ်တတ်တဲ့ ဝံပုလွေပေါက်လေး‌ပါ ဖြစ်နေပါရောလား”။

သူအရမ်း အိပ်ချင်နေတာကြောင့် အိပ်ယာပေါ် တုံးလုံးလှဲလိုက်တာနဲ့ တုန်းခနဲ အိပ်‌ပျော်သွားလိမ့်မယ်လို့ Su Bei ထင်ထားခဲ့တာ။ ဒါပေမယ့် သူအိပ်ရာထဲ လှဲပြီးကာမှပဲ သူအိပ်မပျော်နိုင် ဖြစ်နေတာကို သိလိုက်ရတယ်။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် လုပ်နေရင်းကနေ တဖြည်းဖြည်း ပူပြီး လည်ပင်းတွေပါ ခြောက်လာခဲ့တယ်။ ဖက်ထုပ်ကြောင့်ပဲလား စွတ်ပြုတ်ကြောင့်ပဲလားဆိုပြီး သံသယဝင်မိပေမယ့် နှစ်ခုစလုံးက ပြောရလောက်အောင်ကြီးလည်း ငန်မနေပါဘူး။ သူက ဘယ်လိုလုပ် ရေဒီလောက် ဆာနေရတာလဲ? တစ်ခုခုက ပုံမှန်မဟုတ်သလို တဖြည်းဖြည်း ခံစားလာရတဲ့အခါမှာတော့ သူလှည့်စားခံလိုက်ရပြီဆိုတာ Su Bei သိသွားခဲ့တယ်။

Villain,Please Go Easy on Me![Mm Translation]Donde viven las historias. Descúbrelo ahora