53+54

1K 135 0
                                    

Zawgyi

53. Ancient Times: Getting Assassinated

သူအကြာကြီး စောင့်နေခဲ့ပေမယ့်လည်း သူခန့်မှန်းထားတဲ့ နာကျင်မှုမျိုးက ရောက်မလာခဲ့ပါဘူး။

သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ကို ခပ်မဲ့မဲ့ပြုံးပြီး ကြည့်နေတဲ့ မုချင်းဟန်ရဲ့ မျက်နှာကြီးကိုပဲ တွေ့လိုက်ရတယ်။

စူးပေ့ပါးစပ်က လွှတ်ခနဲ ထွက်သွားရပြန်ပြီ။
“မောင်မင်းက ပြန်သွားပြီ မဟုတ်ဘူးလား?”

မုချင်းဟန်က သူ့မေးခွန်းကို ပြန်ဖြေပေးပါတယ်။
“တကယ်လို့ ကျွန်တော်မျိုးသာ မရှိရင် အရှင့်ရဲ့အသက်က အာမခံချက် မရှိနိုင်ဘူး....”။

စူးပေ့က အခုချိန်မှာတောင် ဆွဲဆောင်ဖို့ရာ မေ့မထားနိုင်ပဲ ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်တယ်။
“မောင်မင်းက လူကောင်းတစ်ယောက်ပါလို့ ကိုယ်တော် ပြောသားပဲ”။

ထပ်ပေါင်းပြောရရင် သူဘာအတွက် ကယ်တင်ပေးခဲ့မိသလဲ မသိပေမယ့် သေချာတာကတော့ သူ့အနေနဲ့ စူးပေ့ နာကျင်ခံစားရမှာမျိုးကိုတော့ ထိုင်ကြည့်မနေနိုင်ပါဘူး။

သူဒီတိုင်း လှည့်ပြန်လာလိုက်လည်း ရရက်သားနဲ့ကို သူ့ကိုသူတောင် မသိလိုက်ပဲ လုပ်မိသွားပြန်တယ်။

လုပ်ကြံသူကို သတိမေ့ရုံတင်ပဲ လုပ်လိုက်ပေမယ့် အဲ့ဒီ့လူက သူ့ပါးစပ်ထဲမှာ ငုံဖွက်လာတဲ့ အဆိပ်ထုတ်ကို ကို့ဘာသာ ကိုက်ဖောက်ပြီး သတ်သေသွားတာမို့ စတေးခံ တပ်သားတစ်ယောက် ဖြစ်နိုင်တယ်။

ဒါ အမတ်ချုပ်ဆိုတဲ့ မြေခွေးအိုကြီးကြောင့် ဆိုတာ သိသာနေတာကြီးကို စူးပေ့ခန့်မှန်းနေရမှာ သိပ်ကို ပျင်းပါတယ်။

ရုတ်တရတ် စူးပေ့ မျက်လုံးတွေကို ဟိုကြည့်ဒီကြည့်လုပ်လိုက်ပြီး သူ့ရဲ့ပုခုံးကို လက်နဲ့ကာလိုက်တယ်။
“အ... နာလိုက်တာ! ကိုယ်တော်တော့ ဒဏ်ရာရသွားပြီ!”

ပြီးတော့ သူ နောက်တစ်ကြိမ် ဟိုကြည့်ဒီကြည့် ထပ်လုပ်လိုက်ပြီး မုချင်းဟန်ရဲ့ ခန္ဓာကိုယ်ပေါ် ပစ်လှဲချလိုက်ပြန်တယ်။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now