41+42

1.1K 141 3
                                    

Zawgyi

41. Ancient Times: System, Help!

စူးပေ့ရဲ့ ဆံစပ်ကနေ ချွေးတွေ ထွက်လာပြီး လက်သီးစုပ်လေးတွေ အချင်းချင်း ဖြစ်ညှစ်နေမိတယ်။

သူက စိတ်အေးသက်သာနဲ့ အပြုံးလေးနဲ့ ပြန်ပြောတယ်။
“မောင်မင်းက တရားမျှတမှုကို ကိုယ်တိုင် ရှာဖွေ ရယူပြီးခဲ့ပြီပဲ မဟုတ်လား? ကိုယ်တော့် အနေနဲ့ တစ်ခုခု လုပ်ပေးစရာတော့ လိုမယ် မထင်ဘူး”။

မုချင်းဟန်ကတော့ စူးပေ့ကို ဘယ်လိုလုပ်ပြီး လွယ်လွယ် လွှတ်ပေးလိမ့်မလဲလေ။ သူက စူးပေ့ရဲ့ အနားကို ချဉ်းကပ်လို့ စူးပေ့ရဲ့ ပုခုံးသားလေးတွေကို ဖိကိုင်လိုက်ပြီး သူသုံးနေကျ မကောင်းဆိုးဝါး သံကြီးနဲ့
“ဒီလူ့ကို အရှင့်လက်နဲ့ ကွပ်မျက်ပြီး ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဆောင်ယူပေးတော်မူပါ အရှင်”။

စူးပေ့ နောက်ဆုတ်ဖို့ရာ ကြိုးစားလိုက်ပေမယ့် မုချင်းဟန်က သူ့ရဲ့လက်ကို ပိုအားထည့်ပြီး မလှုပ်နိုင်အောင် လုပ်နေတယ်။

မုချင်းဟန်ကို အဲဒီအကျဉ်းသား စိုက်ကြည့်နေတဲ့ အကြည့်တွေကိုသာ အဓိပ္ပါယ်ကောက်ရရင် အခုချက်ချင်း အရှင်လတ်လတ် ဝါးစားတော့မလိုပဲ။
“မုချင်းဟန် မင်းလိုကောင်ကများ အရှင့်ကိုတောင် ပြန်ပြီး အမိန့်ပေးချင်နေသေးတာလား? လေးစားသမှု မရှိလိုက်တာ!”

မုချင်းဟန်က စူးပေ့ဘက်ကို လှည့်လာပြီး
“ဒီလိုလားး?”

စူးပေ့ခမျာမှာတော့ သူနည်းနည်းလေး လှုပ်လိုက်တာနဲ့ ဒီနေရာမှာတင် တစ်ခါတည်း မြေမြှုပ်ခံလိုက်ရမှာကို ကြောက်နေတာကြောင့် ပိစိလေးတောင် မလှုပ်ရဲရှာပါဘူး။

သူက သူ့ကိုသူ အားပေးလိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ပြန်ပြောတယ်။
“မောင်မင်းလည်း နောက်တတ်သေးတာပဲ။ ဘုရင်ခံမင်းသား တစ်ယောက်က ကိုယ်တော့်ကို ဘယ်လိုလုပ်ပြီး ပမာမခန့် ဆက်ဆံရဲမှာ တဲ့လဲ? ကိုယ်တော်နဲ့ သူနဲ့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲလေ”။

မုချင်းဟန်က မျက်လုံးအစုံကို မှေးကျဉ်းလို့ စူးပေ့ရဲ့ အမူအရာကို ဖျက်ခနဲ တစ်ချက် လှမ်းကြည့်လိုက်ပြီး
“ကောင်းပြီ..... ဒါဆို အရှင်က ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဆောင်ယူပေးတော်မူပါ”။

Villain,Please Go Easy on Me![Mm Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ