97+98

1K 128 0
                                    

Zawgyi
97. Psychology: Going To The Old House

ယဲ့ထုန်ထုန်ရဲ့ စိတ်အခြေအနေ တော်တော်လေး အဆင်ပြေသွားတဲ့ အချိန်မှာတော့ သူတို့တွေ သက်သေထွက်ဆိုဖို့ရာ ရဲဌာနကို လိုက်သွားကြရတယ်။

ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှောင်ချန်းရန်ရဲ့ မိတ်ဆွေတစ်ယောက်က စူးပေ့ကို တွေ့လိုက်တာကြောင့် သူ့ဆီကို တစ်ခါတည်း ဖုန်းဆက်ခေါ်လိုက်တယ်။

လေလှိုင်းရဲ့ အခြားတစ်ဖက်က ရှောင်ချန်းရန်ကတော့ သူသိပြီ ဆိုတာကလွဲ ဘာမှ ပြောမလာခဲ့ပါဘူး။

ဝန်ခံချက် ပြီးတဲ့နောက်မှာတော့ စူးမိဘနှစ်ပါးနဲ့ ယဲ့ထုန်ထုန်တို့က အိမ်ကိုသာ ပြန်လာခဲ့ကြတယ်။

စူးဖေဖေနဲ့ ‌မေမေကတော့ စူးပေ့ကို ဟိုဟိုဒီဒီ မေးမြန်းနေခဲ့ပြီး အိမ်ကိုသာ အပါခေါ်ဖို့ ကြိုးစားနေကြတယ်။

ယဲ့ထုန်ထုန်လည်း အဲဒီလောက်ထိ အရိပ်အခြေ နားမလည်တဲ့သူ မဟုတ်ရပါဘူး။ သူက စူးပေ့ကို ကျေးဇူးတင်ကြောင်း စိတ်ရင်းနဲ့ လေးလေးနက်နက် ပြောဆိုခဲ့ပြီးနောက်မှာ အိမ်ကိုသာ ပြန်သွားတော့တယ်။

စူးပေ့ ရဲစခန်းဝကနေ လမ်းလျှောက်ထွက်လာတဲ့ အချိန်မှာပဲ ရှောင်ချန်းရန်က သူ့ရှေ့ကနေ သူ့ဆီ တည့်တည့်ကြီး လျှောက်လာတာက်ု တွေ့လိုက်ရတယ်။

ဘာလို့လဲတော့ မသိပေမယ့်လည်း ရှောင်ချန်းရန်က အမြဲတစေ နူးနူးညံ့ညံ့ ‌ပြုံစနေခဲ့တာတောင်မှ အဲဒီ့အပြုံးက သူ့ကို ကြောက်အောင်လုပ်နေသလိုပဲ အမြဲခံစားနေရတယ်။

ရှောင်ချန်းရန်က စူးပေ့လုပ်ခဲ့တာတွေကို စိတ်ထဲမထားသလိုပုံစံမျိုးနဲ့ စူးပေ့ကို မြတ်မြတ်နိုးနိုး ကြည့်လိုက်ပြီး
“အိမ်ပြန်ကြရအောင်လေ”။

စူးဖေဖေနဲ့ မေမေက အဲဒီစကားကြီးက ထူးဆန်းနေသလို ခံစားလိုက်ရတာကြောင့် ပြန်မေးလိုက်တယ်။
“မင်း ဘာပြောလိုက်တာလဲ?”

ရှောင်ချန်းရန်က စူးပေ့ရဲ့ လက်စွပ်ဝတ်ထားတဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး
“စူးပေ့နဲ့ ကျွန်တော်က လက်ထပ်ပြီးပါပြီ”။

စူးဖေဖေနဲ့ မေမေခမျာ အရမ်းကို အံ့အားသင့်သွားရရှာတယ်။ ဒါပေမယ့် သူတို့ ဘာမှ ပြန်မပြောရသေးခင်မှာပဲ ရှောင်ချန်းရန်က စူးပေ့ကို ဆွဲပြီး အဝေးကို ထွက်သွားခဲ့ပါပြီ။

Villain,Please Go Easy on Me![Mm Translation]Opowieści tętniące życiem. Odkryj je teraz