102+103

1.5K 135 1
                                    

Zawgyi

102. Era Of Republic Of China: The Annoying Original Owner

စူးပေ့ နိုးလာလာချင်းမှာ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက သူ့လက်ကောက်ဝတ်သူ ပြန်စမ်းကြည့်ဖို့ပါပဲ။

အဆင်ပြေတယ်။ အဆင်ပြေပါတယ်။

လက်ကောက်ဝတ် လှီးရတာက တော်တော့်ကို နာတာပါ! အဲဒီ့ System ဆိုတဲ့ ကောင်က တကယ့်ကို ခွေးမသားပဲ!

ရုတ်တရတ် ရင်သားကြီးကြီးနဲ့ အမျိုးသမီးတစ်ယောက်က သူ့ပေါ်ကို မှီချလာတယ်။
“စူးပေ့.... ရှင်က ဘာလို့များ တို့ကို ရုတ်တရတ်ကြီး တွန်းထုတ်ရတာလဲလို့?”

စူးပေ့ အသံကြောင့် တစ်ချက် တွန့်သွားပြီး တွန့်ဆိုင်းမနေပဲ တစ်ဖက်လူကို တွန်းထုတ်ပစ်လိုက်ပါတော့တယ်။

တွန်းထုတ်ခံလိုက်ရတဲ့ တစ်ယောက်ရဲ့ နာမည်က ဖန်းမု။ သူက စားပွဲစောင်းနဲ့ တည့်တည့်ရိုက်မိသွားပြီး ခါးတည့်တည့်ဆီက နာကျင်မှုက သူ့မျက်နှာတစ်ခုလုံးကို အစိမ်းရောင် ပြောင်းသွား စေခဲ့ပါတယ်။

စူးပေ့ကလည်း System ဆီကနေ မူလ‌ဇာာတ်ကြောင်းကို လက်ခံရရှိခဲ့တယ်။

နောက်ခံဇာတ်ကွက်က တရုတ်ပြည်သူ့သမ္မတခေတ်မှာ ဇာတ်အိမ်တည်တယ်။ ဇာတ်လိုက်မှ လင်းဝမ်ပိုင်ဟာ သူ့အ‌ဖေ လောင်းကစားအပေါ် စွဲလမ်းမှုကြောင့် ပိုက်ဆံတွေ အများကြီးကို ဆုံးရှုံးခဲ့ရတယ်။

နောက်ဆူံးမှာ သူ့အဖေဟာ သူ့ကို လူဆိုးဂိုဏ်းခေါင်းဆောင် ဟန်စန်းယဲ့ ဆီကို အပျော်မယားအနေနဲ့ ရောင်းစားလိုက်ရတော့တယ်။

ပြီးတော့ အဲဒီ ဟန်စန်းယဲ့က ဇနီးမယားတွေနဲ့ အပျော်မယားတွေ အများကြီး ယူထားပေမယ့်လည်း မိန်းမတွေ အပေါ်မှာ သိပ်စိတ်ဝင်စားမှု မရှိပါဘူး။

ဒါကြောင့် သူ့ရဲ့ ဇနီးပေါင်းများစွာနဲ့ အပျော်မယားပေါင်းတစ်သိန်းတစ်သောင်းဟာ တသီးတသန့်ပဲ နေထိုင်ကြရတယ်။

ဒီလိုနဲ့ လင်းဝမ်ပိုင်တစ်ယောက် လက်ထပ်ပြီး ဟန်အိမ်တော်ထဲ ရောက်လာတဲ့ အချိန်မှာပဲ သူဟာ အဲဒီ အမျိုးသမီးထုကြီးရဲ့ ပစ်မှတ် ဖြစ်သွားရတော့တယ်။

Villain,Please Go Easy on Me![Mm Translation]Donde viven las historias. Descúbrelo ahora