73+74

996 121 0
                                    

Zawgyi

73. Psychology: You Are Sick

စူးပေ့ သက်ပြင်းမောကြီး ချလိုက်မိတယ်။
“မင်းက ကိုယ့်ကို အမှန်တွေ ပြောထွက်လာအောင် ဖိအားပေးချင် နေတာများလား?”

“ရှင် အခြားတစ်ယောက်ကို စိတ်ဝင်စားမိသွားတယ်လို့ ပြောချင်တာလား?”

သူမက ပြောရင်း နှာတစ်ချက်ချေလိုက်ပြီး
“တို့ လုံးဝ မယုံနိုင်ဘူး!”

စူးပေ့ ‌ပိုပြီး လေးလေးနက်နက်ရှိတဲ့ အသံနဲ့ ပြောလိုက်တယ်။
“မဟုတ်ဘူး... ကိုယ်က ယောက်ျားတွေကိုပဲ ကြိုက်တာ”။

အခြားတစ်ဖက်က မိန်းခလေးခမျာ အရမ်းတွေလန့်သွားတာကြောင့် ငိုနေတဲ့ကိစ္စတောင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့တဲ့အထိပါပဲ။ အချိန်တော်တော် ကြာပြီးမှ ယဲ့ထုန်ထုန်က ထအော်တယ်။
“တို့ကို လမ်းခွဲချင်ရုံလေးနဲ့များ ကိုယ့်ကိုယ်ကို အရှက်ရစေတဲ့ အထိတောင် လုပ်ဖို့ လိုအပ်နေလို့လား?”

အဲ့လိုပြောပြီး ဖုန်းချသွားခဲ့တယ်။

သူ့မျက်နှာသူ ပွတ်ပြီး မှတ်ဉာဏ်တွေကို စစ်ဆေးကြည့်လိုက်ကာမှ ဟောဒီကမ္ဘာမှာ လိင်တူချင်း ချစ်မြတ်နိုးတယ် ဆိုတာ စိတ်ရောဂါလို ရောဂါတစ်မျိုး ဖြစ်နေခဲ့တယ်။

ဒါမှ မဟုတ် ဒါကမ္ဘာပေါင်းများစွာမှာ ကြုံတွေ့ရမယ့် ကိစ္စရပ်တစ်ခုလည်း ဖြစ်နိုင်တယ်။

စူးပေ့တစ်ယောက် ဖော်လံဖား နည်းလမ်းပေါင်း တစ်သိန်းတစ်သောင်းလောက်နဲ့ ဖေဖေ System လို့ ဖြစ်ညှစ် ခေါ်လိုက်ပြီးတဲ့ နောင်မှပဲ System က သူ့ကို ယဲ့ထုန်ထုန်ဆီ စာတစ်စောင် ပို့ဖို့ရာ ကူညီပေးပါတော့တယ်။

အဲ့ဒါက အရမ်းကို ကျော်ကြားနေတဲ့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန် ရှောင်ချန်းရန်ရဲ့ ဘယ်လို စိတ်ရောဂါမျိုးကိုမလို အလျဉ်းပျောက်အောင် ကုသပေးနိုင်တယ် ဆိုပြီးရေးထားတဲ့ ကြော်ငြာစာ တစ်စောင် ဖြစ်တယ်။

စူးပေ့ထင်တာက ယဲ့ထုန်ထုန်ရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ပုံစံအတိုင်းဆို သူက စူးပေ့ကို ဆရာဝန်တစ်ယောက်ယောက်နဲ့ ပြကြည့်ဖို့ ခေါ်မှာ အ‌သေအချာပဲ။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now