81+82

864 119 0
                                    

Zawgyi

81. Psychology: Caught By The Murderer

ဒါပေမယ့် စူးပေ့လည်း တံခါးခေါက်သံကို လျစ်လျူမရှု နိုင်တာကြောင့် အကျိုးအကြောင်း မေးဖို့ရာ ထလာလိုက်တယ်။

အဲဒီအချိန်မှာပဲ ရှောင်ချန်းရန်ဆီက ဖုန်းက အချိန်ကိုက် ဝင်ချလာပြန်တယ်။

စူးပေ့ လမ်းလျှောက်သွားနေရင်း ဖုန်းကကိုင်လိုက်ရသေးတယ်။

တံခါးဖွင့်ရင်း ‘Hello’ လို့ ပြန်ထူးပြီးပြီးချင်းမှာပဲ ဖုန်းက ကြမ်းပေါ် ဂွက်ခနဲ ပြုတ်ကျသွားခဲ့တယ်။

‌တစ်ဖက်က ရှောင်ချန်းရန်လည်း တစ်ဖက်က ဖုန်းပြုတ်ကျတဲ့ အသံကို ကြားလိုက်ပြီးတဲ့ နောက်မှာ ဖုန်းက ချက်ချင်းကျသွားတယ်။

မသိစိတ်ထဲကနေ တစ်ခုခုမှားနေပြီ ဆိုတာကို ခံစားမိလိုက်တာကြောင့် သူ တစ်ချက် တောင့်တင်းသွားရတယ်။

ဒါပေမယ့် သိပ်မကြာခင် စူးပေ့ ဆီကနေ ‘Sorry, receiver က ပျက်သွားလို့။ ကျွန်တော် ပြန်ခေါ်လိုက်မယ်လေ’ ဆိုပြီး စာတစ်စောင်ဝင်လာတယ်။

ရှောင်ချန်းရန်လည်း ရုတ်တရတ်ထ၊ အပေါ်ဝတ်ကို ကောက်ယူလို့ ရဲစခန်းဆီ တစ်ခါတည်း ဖုန်းဆက်ပြီး စူးပေ့ရှိရာ အိမ်ဆီကို ပြေးတော့တာပါပဲ။

မိုးစက်တွေကလည်း အငြှိုးကြီးကြီးကို သည်းသည်းမည်းမည်း ရွာချနေပြီး တစ်လောကလုံးကလည်း မှုန်ဝါးနေခဲ့တယ်။

ရှောင်ချန်းရန်က စူးပေ့ရဲ့အိမ်အထိ တိုက်ရိုက် မောင်းချသွားပြီး ဓါတ်လှေကားနဲ့ အပေါ်ကို တက်လာခဲ့တယ်။

သူတံခါးကို ခေါက်တဲ့အပြင် ဖုန်းကိုလည်း အဆက်မပြတ် ခေါ်နေသေးတယ်။

ဒါပေမယ့် ဖုန်းကိုလည်း ပါဝါပိတ်ထားသေးတယ်။ တံခါးခေါက်နေတာကိုလည်း ပြန်ထူးမယ့်သူက ရှိမနေခဲ့ဘူး။

ရှောင်ချန်းရန်လည်း နောက်ဆုံးတော့ ကိုယ့်ခြေထောက်ကို သုံးပြီးပဲ တံခါးကို ကန်ချပစ်လိုက်တယ်။

အားပြင်းပြင်း ကန်ချက်တချို့အောက်မှာ တံခါးက ဝုန်းခဲ ပွင့်သွားခဲ့ပေမယ့် အထဲမှာ လူနဲ့တူတာဆိုလို့ ဘာတစ်ခုမှ ရှိမနေခဲ့ဘူး။

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now