47+48

1K 132 0
                                    

Zawgyi

47. Ancient Times: Everyone Was Born Equal

အခြားသူရဲ့ မေးစေ့ကို ညှစ်ရတာ သိပ်ကောင်းတယ်ဆိုတာ သိလိုက်ရတယ်။

ဖုန်းရှင်းလန် တစ်ချိန်လုံး သူ့မေးကို လိုက်ညှစ်နေတာ ထူးဆန်းမနေတော့ပါဘူး။

လုကျင်းယောင်က နာကျင်မှုကြောင့် အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ စူးပေ့ရဲ့လက်ကို ပုတ်ထုတ်ပြီး နောက်တစ်လှမ်းဆုတ်လိုက်တယ်။
“သခင်နဲ့ ကျွန်ဆိုတဲ့ ကွာခြားချက်ကို ဖယ်ထုတ်လိုက်ရင် ကျွန်မတို့ အားလုံးက အတူတူပဲ မို့လို့ သူတို့က ကျွန်မရဲ့ အစေခံတွေ မဟုတ်ဘူး!”

“လူတိုင်း လူတိုင်းက တန်းတူညီမျှပဲ မွေးဖွားလာကြတာကို ဘာလို့များ မျိုးရိုးမြင့်တယ်၊ မျိုးရိုးနိမ့်တယ်၊ မြင့်မြတ်တယ်၊ နိမ့်ကျတယ်ဆိုပြီး တံဆိပ်တွေကပ်နေဦးမှာလဲ? ကျွန်တော်မျိုးမတို့ အားလုံးဟာ လူသားတွေပဲ မဟုတ်ပါလား?”

စူးပေ့က ခေါင်းညိတ်လိုက်ပြီး
“ငါကိုယ်တော် ရုတ်တရတ် မယ်မင်းလျှောက်တင်တာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားမိလိုက်တယ်”။

လုကျင်းယောင်က စူးပေ့ သူ့အပြောမှာ မျောသွားပြီး သူ့ကို ထောက်ခံတယ်လို့ တွေးမိတာကြောင့် သံပူတုန်း ပုံသွင်းဖို့ ကြံနေလိုက်တယ်။
“တကယ်တော့ အထက်အောက်ခွဲခြားတဲ့ ကိစ္စဆိုတာ ဟိုးအစကတည်းကကို မှားယွင်းနေခဲ့တာ။ ကျွန်တော်မျိုးမတို့ လူတိုင်းကို တန်းတူညီတူသာ ဆက်ဆံကြရင် မကောင်းပေဘူးလား?”

စူးပေ့တစ်ယောက်‘ဘယ်တုန်းတည်းကများ ဝိဉာဉ်ကူးပြောင်းထားတာပါလိမ့်တယ်? ‌ခေတ်မီတဲ့သူတွေရဲ့ မျက်နှာထားပုံစံတောင် လုံးဝဟုတ်မနေတော့ဘူးဆိုတော့!’ လို့တွေးရင် ခေါင်းကိုသာ ထပ်ညိတ်လိုက်တယ်။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကိုယ်တော်က မယ်မင်းအနေနဲ့ သာတူညီမျှမှုကို လက်တွေ့ဖော်ဆောင်နိုင်ဖို့ရာ အခွင့်အရေး တစ်ခုပေးမယ်”။

“ဒီမိန်းမစိုးတွေနဲ့ အစေခံတွေရော မင်းရောက အရင်လို နေမြဲတိုင်းပဲ ဆက်နေကြရတယ်။ အဲ့လိုဆိုရင် မင်းတို့က အတူတူပဲလို့ သတ်မှတ်မယ် ဆိုပေမယ့် ဒီလိုမှ မဟုတ်ပဲ မင်းကတော့ တော်ဝင် ကြင်ယာတော် ဖြစ်နေပြီး သူတို့က အစေခံဖြစ်နေသေးရင်တော့ ဒါက သာတူညီမျှမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”။
( ပြောချင်တာက အဲ့လောက်သာတူညီမျှချင်နေရင် အဲ့ဒီ့အစေခံတွေ ပြုစုတာ ခံမနေပဲ အလုပ်တူတူ သွားလုပ်ပြလိုက် ဆိုတဲ့သဘော)

Villain,Please Go Easy on Me![Mm Translation]Where stories live. Discover now