ဒီနေရာကနေချက်ချင်းထွက်သွားချင်တယ်

10.4K 729 31
                                    


ကျီ့ခယ်းက ထိုကောင်လေးအားမှတ်မိသွားသည်။သူ့နာမည်က ချီဖန်းဖြစ်ပြီး အနက်ရောင်လက်တိုအင်္ကျီအားဝတ်ထားကာလက်နှစ်ဘက်ရှိကြွက်သားများဖောင်းထွက်နေသည်ကိုကြည့်ခြင်းအားဖြင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပုံရသည်။

" ရိုက်ကူးတာပြီးသွားပြီလား "
ချီဖန်းကသူ့အားစိတ်ဝင်တစားစိုက်ကြည့်နေ၏။

" အင်း..ငါတို့တွေအပြင်ထွက်ပြီးလမ်းလျှောက်ခဲ့ကြတာ "

ချီဖန်းက သူ့ထံသို့ခြေလှမ်းနှစ်လှမ်းသုံးလမ်းလောက်လျှောက်လာပြီး " ကျီ့ခယ်း..မနက်ဖြန်ရိုက်မယ့်အစီအစဉ်အကြောင်းကိုသိလား "ဟုမေးသည်။

" ဟင့်အင်း ...မသိဘူး "

ကျီ့ခယ်းကဤကဲ့သို့သောရှိုးပွဲများကိုကြည့်ခဲပြီး တစ်ခါတစ်ရံမှသာ အချို့အပိုင်းများကိုကြည့်တတ်တာကြောင့် ဘာကဘာဆိုတာကိုသေချာမသိပေ။

ချီဖန်ကပြုံးကာပြောလာပြန်၏။
" ကျနော်အရင်တုန်းက season 1 နဲ့ season 2 ကိုကြည့်ဖူးတယ်...အစပိုင်းမှာ သူတို့ကနှစ်ယောက်တစ်ဖွဲ့အသင်းဖွဲ့ခိုင်းပြီး ဂိမ်းတွေဆော့..task တွေလုပ်ခိုင်းတယ်...ဒါပေမယ့် ကြယ်ပွင့်တွေနဲ့ကျတဲ့လူကကျတော့ ပိုအခွင့်သာပြီး အပျော်တမ်းပါဝင်သူနှစ်ယောက်ကျခဲ့ရင်တော့ သူတို့အသင်းက ကံဆိုးပြီပဲ "

[ အရှေ့ပိုင်းက ' အပျော်တမ်းကစားသမား ' နေရာမှာ ' အပျော်တမ်းပါဝင်သူ ' ဆိုပြီးပြင်ရေးလိုက်မယ်နော် ]

" ကျီ့ခယ်း...မနက်ဖြန်မင်း partner ရွေးတဲ့အခါ ငါ့ကိုရွေးလို့ရတယ်နော်...ငါမင်းကိုငြင်းမှာမဟုတ်ပါဘူး...task တွေလုပ်တဲ့အချိန်ကျရင် မင်းကငါ့အနောက်မှာနေလို့ရတယ်..ငါမင်းကိုသေသေချာချာကာကွယ်ပေးနိုင်တယ် "

ချီဖန်းက အစီအစဉ်မှ ထွက်သွားသော ကောင်လေး၏ကားသွားရာလမ်းသို့တစ်ချက်လှမ်းကြည့်လိုက်သည်။

ထွက်သွားရတာကအရမ်းကံဆိုးတာပဲ..ငါလည်းအဲ့ဒီလိုမထွက်သွားချင်ဘူး..

ကျီ့ခယ်း၏မျက်နှာကအတော်လေးကိုကြည့်ကောင်းသည်။ချီဖန်းသည် ကျီ့ခယ်း၏မျက်နှာအား မမှိတ်မသုန်စိုက်ကြည့်နေလိုက်ပြီးမှ

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now