Chapter 29+30 ( Unicode )

8.5K 939 36
                                    

Chapter 29. အထက်က


အိမ်သည်အလုံခြုံဆုံးနှင့်အနွေးထွေးဆုံးဆိပ်ကမ်းလေးဖြစ်ပြီးယခုထိုဆိပ်ကမ်းကိုကျူးကျော်ဝင်ရောက်လာသူကြောင့်လင်းယွီအလွန်ပင်စိတ်မသက်မသာဖြစ်လှသည်

၎င်းမှာဖူ့ရှီဝိန်၏အိမ်ဖြစ်ပြီးအန်းချိန်ကမူအရှင်သခင်တစ်ဉီးကဲ့သို့ဤအိမ်နှင့်ရင်းနှီးကျွမ်းဝင်လှသည်

ဖူ့ရှီဝိန်အတွက်အရာအားလုံးကိုလုပ်ပြီးနောက်အန်းချိန်ကခန်းဆီးကိုပိတ်လိုက်သည်

သူကဖူ့ရှီဝိန်၏နဖူးပေါ်မှချွေးကိုသုတ်ပေးရင်းအပြုံးတစ်ခုနှင့်အတူပြောသည်
"ငါကဖူ့ရှီဝိန်မူးလာတိုင်းအမြဲပြုစုစောင့်ရှောက်ပေးတဲ့အနီးကပ်ဆုံးလူတစ်ယောက်ပဲ "

" ငါကအရင်ကဘေးအိမ်မှာနေတာလေ "

"ငါအခုပဲခြံနားကဖြတ်လာတော့အိမ်မှာနှင်းဆီပန်းတွေပွင့်နေတာကိုမြင်ခဲ့တယ်...ရှီဝိန်ကငါ့အတွက်စိုက်ထားပေးခဲ့ပေမယ့်ငါမရှိတုန်းအဲ့ဒီပန်းလေးတွေကိုပြုစုစောင့်ရှောက်ပေးထား
လိမ့်မယ်လို့တော့တစ်ခါမှမတွေးဖူးဘူး..လက်ရှိဘေးအိမ်ကအိမ်ပိုင်ရှင်ကလည်းလူကောင်းတစ်ယောက်ပါပဲမဟုတ်ရင်ဒီလိုအမှတ်ရစရာတွေကိုသူဘာကြောင့်သိမ်းဆည်းထားပေးမှာလဲ"

အန်းချိန်ကတစ်စုံတစ်ခုကိုသတိရနေသကဲ့သို့ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်သည်
ရုတ်တရက်အန်းချိန်ကတစ်ခုခုကိုတွေးမိဟန်ဖြင့်လင်းယွီအားကြည့်လာ၏

"အိုး...ဒါနဲ့..ငါနဲ့ဖူ့ရှီဝိန်ကြားမှာနောက်ထပ်ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာအထင်မလွဲလိုက်ပါနဲ့..ငါနဲ့ဖူ့ရှီဝိန်ကငယ်က
တည်းကပေါင်းလာတဲ့အခင်ဆုံးသူငယ်ချင်းတွေပါ...ငါတို့ကြီးလာလည်းအဝတ်အစားတွေဘောင်းဘီတွေကိုတောင်အတူတူမျှသုံးလို့ရတဲ့အထိဆက်ဆံရေးခိုင်မာပါတယ်...ငါတို့ကတစ်ကယ်ပဲသူငယ်ချင်းကောင်းတွေပါ "

လင်းယွီအနည်းငယ်အံ့ဩသွားရ၏

အန်းချိန်နဲ့ရှန်းရှိန်းတို့ကသူငယ်ချင်းတွေလား

သူထင်တာက....

" မင်းတစ်ကယ်ဘဲနားလည်မှုလွဲနေတာမဟုတ်ပါဘူးနော် "

အန်းချိန်ကသူ့ရဲ့အံ့အားသင့်နေသည့်ပုံစံအားကြည့်ရင်းရယ်၏...သူကပြုံးရင်းပြောလာသည်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now