Chapter 17 + 18 ( Unicode )

6.7K 803 60
                                    

Chapter. 17 .စားပွဲပေါ်မတက်နိုင်ဘူး

လင်းယွီသည်မူလကထမင်းစားပြီးနောက်ကျောင်းသို့သွားရန်
စီစဉ်ထားသော်လည်းဖူ့ရှီဝိန်ထံမှ WeChat မက်ဆေ့ချ်ကိုရုတ်တရက်လက်ခံရရှိခဲ့ပြီးအိမ်ဟောင်းသို့ တတ်နိုင်သမျှအမြန်ဆုံးသူ့ဝတ်စုံကိုယူလာ​ပေးရန်
တောင်းဆိုခဲ့သောကြောင့်သူမသွားဖြစ်ခဲ့တော့ပေ

သူတုံ့ဆိုင်းမနေတော့ပဲအန်တီရွှီအားခွင့်တောင်းကာ
ဖူအိမ်တော်သို့အဝတ်အစားများယူသွားပေးတော့သည်
ဖူမိသားစုတွင်နက်နဲသောနောက်ကွယ်မှအကြောင်းအရာများရှိကြောင်းသူကြားဖူးသည်

ဖူ့ရှီဝိန်၏အဖိုးသည်နိုင်ငံရေးလောက၌ကျင်လည်ပြီး
သူ၏အဖေဖြစ်သူမှာလည်းစစ်တပ်အရာရှိကြီးဖြစ်သည်
ဖူမိသားစု၏မျိုးဆက်ဖြစ်သောဖူ့ရှီဝိန်၏အစ်ကိုဖြစ်သူ
မှာလည်းစစ်တပ်ထဲမဝင်ဘဲစီးပွားရေးသာလုပ်ဖို့ရန်
ရွေးချယ်ခဲ့သည်

အဖွားဖူသည်ရိုးရှင်းသောမွေးနေ့ပါတီကိုကျင်းပချင်သော်
လည်းသူမအားရိုးရိုးရှင်းရှင်းချီးကျူးဂုဏ်ပြုမည့်သူအများအပြားမရှိပေ
ထို့အပြင်ထိုလူများ၏နောက်ခံမှာလည်းမရိုးရှင်းကြဘဲ
အားလုံးနီးပါးချမ်းသာကာအလွန်ပင်အာဏာရှိကြသူများ
သာဖြစ်ကြသည်

နေ့ခင်းဘက်နေကအလွန်ကိုမှပူသည်

သူ့နဖူးမှချွေးများကတစ်စတစ်စယိုစီးကျလာကာ
ပူပြင်းသောနေရောင်ခြည်အောက်တွင်လည်းရပ်နေရသောကြောင့်ဖြူဖွေးသောအသားအရည်​​လေးမှာလျင်မြန်စွာ နီရဲလာရလေ၏

မိုဘိုင်းလ်ဖုန်းပေါ်ရှိ WeChat တွင်ဖူ့ရှိဝိန် က
" မဝင်လာခဲ့နဲ့...လမ်းပေါ်မှာပဲရပ်စောင့်နေ...
နောက်မှအဝတ်အစားလာယူဖို့တစ်ယောက်ယောက် လာလိမ့်မယ် "ဟူ၍ပို့ထားလေသည်

ထိုအချိန်မှာပင်ခပ်နိမ့်နိမ့်ဇိမ်ခံကားတစ်စီးက လင်းယွီကိုဖြတ်ပြီးနောက်ဆုံးအိမ်တော်တံခါးဝတွင်
ရပ်သွားသည်

လင်းယွီသည်အဝေးမှရပ်ကြည့်ကာအလွန်အမင်း
တောက်တောက်ပြောင်ပြောင်အဝတ်အစားကိုဝတ်ထားသော အမျိုးသမီးနှင့်ကလေးတစ်ယောက်ကားထဲမှဆင်းလာရာတွင်အိမ်တော်ထဲသို့ဖိတ်ခေါ်ခံလိုက်ရသည်ကိုတွေ့မြင်လိုက်ရ၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now