Chapter 52 ( Zawgyi)

3.3K 137 1
                                    

Chapter 52. မရီး..ကျနော်မင်းကိုလိုက်လို့ရနိုင်မလား..

ရွှီချွင်သူ့ထံသို့ရောက်လာသော်လင်းယွီကမီးဖိုချောင်ထဲ၌နေ၍ဟော့ပေါ့အနှစ်ကိုပြင်ဆင်နေ၏

" ရှောင်လင်လောင်ရှီး...အပြင်မှာခပ်ချောချောကောင်လေးတစ်ယောက်ရောက်နေတယ် "
ရှောင်ကျိုးကအကျယ်ကြီးအော်ပြောလိုက်၏

လင်းယွီကတံခါးကိုလှည့်ကာဖွင့်လိုက်တော့ရွှီချွင်ဖြစ်နေကြောင်းတွေ့လိုက်ရ၏
" အားချွင်..ဝင်လာခဲ့လေ..လာ..ထိုင် "

ရွှီချွင်ကတံခါးကိုဖြတ်၍ဝင်လာကာသူ့ဆိုင်ကယ်ဉီးထုပ်အားချထားလိုက်သည်....ရွှီချွင်သည်နက်ပြာရောင်ဆံပင်ကိုဆိုးထားပြီးဘယ်ဘက်နားရွက်၌စိန်နားကပ်အားဝတ်ထားကာခန္ဓာကိုယ်ပေါ်၌လည်းသားရေဂျာကင်အားဝတ်ဆင်ထားပေ၏...သို့သည့်တိုင်သူ့အားကြည့်ရသည်မှာအရည်ရှည်ကာချောမောသောလူငယ်လေးတစ်ယောက်ဖြစ်နေဆဲပင်....

ဟင်းသီးဟင်းရွက်များကိုဝယ်ကာပြန်လာသော
အန်တီရွှီကရွှီချွင်ကိုကြည့်လိုက်ရင်းမှ
" ရှောင်ယွီ..သူကဘယ်သူလဲ "

ရွှီချွင်ကသူ့ကိုယ်သူမိတ်ဆက်လိုက်၏
" ဟလို...ကျနော်ကလင်းယွီရဲ့သူငယ်ချင်းပါ "

" အိုး "
အန်တီရွှီကခေါင်းကိုညိတ်လိုက်ပြီး
" ထိုင်ပါဉီး "

လင်းယွီကစားပွဲပေါ်သို့ဟော့ပေါ့အိုးအားချထားလိုက်ကာ " အားချွင်..ထမင်းစားပြီးပြီလား...တစ်ကယ်လို့မစားရသေးဘူးဆိုရင်ငါတို့ဟော့ပေါ့အတူစားကြရအောင်လေ "

" မစားရသေးဘူးမရီး..ကျနော်လည်းဗိုက်ဆာနေပြီ "
ရွှီချွင်ကသူစကားပြောမှားသွားမှန်းသတိရလိုက်၏

အန်တီရွှီကရွှီချွင်အားအံ့အားသင့်စွာကြည့်လိုက်ရင်းသူမမျက်နှာကလည်းတဖြည်းဖြည်းနှင့်ပင်အေးစက်လာရ၏

ရှောင်ကျိုးလောင်ရှီးကအိမ်သာမှထွက်လာကာအိမ်အတွင်းသို့ဝင်လာရာအခန်းတွင်းရှိလေထုကလုံးဝ
အဆင်မပြေနေကြောင်းကိုခံစားမိလိုက်၏

သူကခေါင်းစဉ်တစ်ခုကိုရှာကာပြောလိုက်သည်
" ရှောင်လင်လောင်ရှီး...အရင်တစ်ခေါက်က
လောင်ရှီးကိုအလုပ်ဆင်းလို့လာကြိုတဲ့ရည်းစားကဘာလို့မလာတာလဲ..သူ့ကိုရောဘာကြောင့်ဟော့ပေါ့အတူစားဖို့မခေါ်လိုက်တာလဲ"

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now