Chapter 55 (Uni)

7.8K 786 24
                                    

Chapter 55.

" ရှန်းရှိန်း.. နိုးလာပြီ "
ဖူ့ရှီဝိန်သည်သူ၏မျက်လုံးများကိုဖြည်းညှင်းစွာဖွင့်လိုက်ရာလင်းယွီ၏အလွန်အမင်းထိတ်လန့်တုန်လှုပ်နေသောမျက်နှာလေးကိုတွေ့လိုက်ရ၏

သူကလင်းယွီ၏မျက်လုံးထောင့်မှမျက်ရည်များကို လှမ်းသုတ်ပေးလိုက်သည်
" ကိုယ်နေလို့ကောင်းပါတယ်...မငိုနဲ့တော့ "
လင်းယွီကဖူ့ရှီဝိန်၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမြဲဖြစ်ကာသူထိုကဲ့သို့သောထိတ်လန့်မှုမျိုးကိုတစ်ခါမျှမခံစားခဲ့ရဖူးကြောင်းသိလိုက်ရသည်...သူအလွန်ပင်ထိတ်လန့်နေသောကြောင့်သူ့နှလုံးကအခုန်မြန်နေကာအပြင်ဘက်သို့ပင်ခုန်ထွက်တော့မယောင်....

ကားမတော်တဆမှုကြောင့်သူ့ဘဝ၏အရေးကြီးဆုံးသောလူများကိုထပ်ပြီးဆုံးရှုံးရပြန်တော့မည်....

ဖူ့ရှီဝိန်၏မျက်ခွံများကတုန်ယင်နေပြီးလင်းယွီကိုအားတင်းကာကြည့်လိုက်ရင်း
" ကိုယ်နည်းနည်းအိပ်ချင်နေပြီ..အိပ် ချင် တယ် "

ရှီဝိန်၏ဉီးခေါင်းနောက်မှသွေးများဒလဟောစီးကျနေပြီး၎င်းတို့ကမြေပြင်ပေါ်တွင်အိုင်ငယ်လေးအလားဖြစ်ထွန်းနေ၏

လင်းယွီကသူ့ပါးစပ်အားဖုံးအုပ်လိုက်ရင်းတစ်ဆို့နေသည့်အသံဖြင့်
" ရှန်းရှိန်း..မအိပ်ပါနဲ့ဉီး..ကျနော်ဆေးရုံကိုလိုက်ပို့ပေးမယ် "

ဖူ့ရှီဝိန်ကလင်းယွီအားကြည့်ကာဖြည်းညင်းစွာဖြင့်
" ကောင်းပြီ..မအိပ်တော့ဘူး "

လင်းယွီအထိတ်တလန့်နှင့်ပင်သူ့ဖုန်းအားထုတ်လိုက်ပြီးလူနာတင်ယာဉ်ကိုခေါ်လိုက်သည်

သို့သော်သူထိတ်လန့်လေအမှားပိုများလေဖြစ်နေ၏
ဖူ့ရှီဝိန်ကအမှန်တစ်ကယ်ကိုအိပ်ငိုက်နေပြီးသူ့မျက်လုံးများမမှိတ်ကျသွားခင်လင်းယွီ၏မျက်ရည်ရွှဲနေသောမျက်နှာလေးအားမြင်တွေ့လိုက်ရသေး၏

" အား ယွီ... "

" ရှန်းရှိန်း.. ခဏလေးစောင့်..ကျနော်လူနာတင်ယာဉ်ခေါ်လိုက်မယ်..ခဏလေးပဲ..."

ဖူ့ရှီဝိန်ကသူ၏နှုတ်ခမ်းကို အားပျော့စွာဖြင့်ဖွင့်လိုက်ပြီး " အားယွီ... ပြန်လာပါ..."

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now