Chapter 31+32 ( Zawgyicode )

3.3K 136 0
                                    

Chapter 31. မနာလိုခြင်းမျက်ရည်များ

" ရှောင်လင်လောင်ရှီး..မင်းရဲ့ကိုယ်အလေးချိန်ကျသွားပြန်ပြီ "

လင်းယွီကခြေဖျားကိုထောက်ကာဗီရိုပေါ်ရှိမြေဖြူအားယူရန်ကြိုးပမ်းနေ၏

ရှောင်ကျိုးလောင်ရှီးသည်မတ်တတ်ရပ်ထားခြင်းကြောင့်ပေါ်နေသောလင်းယွီ၏တီရှပ်အောက်မှသေးသွယ်သည့်ခါးဖြူဖြူလေကိုကြည့်ကာမနာလိုစွာပြောလိုက်သည်

" မဟုတ်ပါဘူး "

လင်းယွီ ဝိတ်ကျသွားခြင်းမဟုတ်သော်လည်းမကြာသေးမီကပင်အစာစားချင်စိတ်ပျောက်ဆုံးကာနေမကောင်းဖြစ်ချင်ခဲ့၏

ရှောင်ကျိုးလောင်ရှီးကလင်းယွီ၏မျက်နှာကိုကြည့်ကာ ရှူးမင်ထက်ပင်ပို၍ကြည့်ကောင်းသည်ဟုတွေးမိသည်

ရှူးမင်သည်မကြာသေးခင်ကမှအောင်မြင်ကျော်ကြားလာခဲ့ကာသူ၏စွမ်းဆောင်ရည်က သူ့အစ်ကို၏လမ်းကြောင်းတွင်လာရောက်ပိတ်ဆို့နေပြီးသူ၏ပရိတ်သတ်များကလည်းအစွမ်းကုန်ထောက်ပံ့ပေးနေခဲ့တာကြောင့်သူ့အစ်ကိုအတွက်အခွင့်အရေးတစ်စုံတစ်ရာကိုမဖန်တီးနိုင်တော့ပေ

ရှောင်ကျိုးလောင်ရှီးကသက်ပြင်းချလိုက်ပြီး

" ရှောင်လင်လောင်ရှီး...မင်းသာ Idol တစ်ယောက်ဖြစ်လာခဲ့ရင်ကျနော်ကမင်းရဲ့အမာခံပရိတ်သတ်လုပ်ပေးမယ် "

" ရှောင်ကျိုးလောင်ရှီး...ကျနော့်ကိုနောက်နေတာလား ...ကျနော်ကဘယ်လိုလုပ် Idol တစ်ယောက်ဖြစ်လာနိုင်မှာလဲ "

လင်းယွီကရောင်စုံမြေဖြူဘူးကိုယူကာလှမ်းပြောသည်

သူကမြေဖြူကိုထုတ်လိုက်ကာပြတင်းပေါက်မှန်ရှိသူ၏ရုပ်ကိုတစ်ချက်ကြည့်ပြီးအောက်သို့ငုံ့ကြည့်လိုက်ကာ

" ရှောင်ကျိုးလောင်ရှီး...ဒီမှာမြေဖြူရပါပြီ "

Chapter 31.ငြူစူခြင်းမျက်ရည်

" ရှောင်လင်လောင်ရှီး..မင်းရဲ့ကိုယ်အလေးချိန်ကျသွားပြန်ပြီ "

လင်းယွီကခြေဖျားကိုထောက်ကာဗီရိုပေါ်ရှိမြေဖြူအားယူရန်ကြိုးပမ်းနေ၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now