Chapter 48(relationship)

6.6K 704 11
                                    

Chapter 48. Relationship

မနက်မိုးလင်း၍ဖူ့ရှီဝိန်နိုးလာချိန်တွင်တော့မီးဖိုချောင်ထဲ၌အလုပ်ရှုပ်နေဟန်ပေါ်သည့်ပိန်ပိန်ပါးပါးခန္ဓာကိုယ်တစ်ခုကိုတွေ့လိုက်ရသည်...

မီးဖိုချောင်ထဲမှအစားအသောက်များ၏အနံများကမွှေးပျံ့နေပြီးသူ၏ဘဝကလည်းအလွန်ပင်အေးချမ်းသာယာနေသကဲ့သို့ပင်....

" Morning "

ဖူ့ရှီဝိန်က လင်းယွီ၏သေးသေးသွယ်သွယ်ခါးလေးအားအနောက်ဘက်မှနေ၍လှမ်းဖက်လိုက်သည်
လင်းယွီကတစ်ခဏတာထိတ်လန့်သွားပြီးနောက်သူ့ဗိုက်လေးအားမသိမသာကာကွယ်လိုက်၏

" Morning ရှန်းရှိန်း "

သူ့ရင်ခွင်ထဲရှိကောင်ငယ်လေးကအနည်းငယ်စိတ်လှုပ်ရှားသွားဟန်ပင်...ယုန်ငယ်လေးကဲ့သို့ပင်ကြောက်လန့်လွယ်ထိတ်လန့်လွယ်၏...

ဖူ့ရှီဝိန်က လင်းယွီ၏နှင်းကဲ့သို့ဖြူဖွေးနေသည့်လည်တိုင်လေးအားနမ်းရှုပ်လိုက်ပြီးယုန်ငယ်လေး၏ခန္ဓာကိုယ်ပေါ်ရှိနို့နု့သင်းသင်းလေးကလည်းလူတိုင်းအားသက်တောင့်သက်တာဖြစ်စေဟန်ပေါ်နေ၏....

" မနက်စာဘာစားမလဲ "

" ပေါင်မုန့်နဲ့ပဲနို့ "

ယမန်ညကထိုပေါင်မုန့်များကိုဖုတ်ပြီးသွားပြီဖြစ်၍နံနက်ခင်းတွင်တော့၎င်းတို့အားနွေးလိုက်ဖို့သာလို၏

ဖူ့ရှီဝိန်ကသူ၏မေးစေ့အားလင်းယွီ၏ပုခုံးလေးပေါ်
တင်ထားပြီးလေသံကလည်းအနည်းငယ်ပျင်းရိနေပုံပင်...ဖူ့ရှီဝိန်က သူ့လက်ချောင်များအားဆန့်တန်း
လိုက်ကာချည်သားတီရှပ်မှတစ်ဆင့်လင်းယွီ၏
နူးညံ့သောဗိုက်သားလေးကိုတစ်လက်မမျှမကျန်အောင်ဖြည်းဖြည်းချင်းပွတ်သပ်နေ၏

ထိုကဲ့သို့ရင်းရင်းနှီးနှီးနှင့်ပွတ်သီးပွတ်သပ်လုပ်နေသည့်အပြုအမူများကလင်းယွီအားငယ်ရွယ်သောချစ်သူများ၏ချစ်ခြင်းဟုထင်ယောင်ထင်မှားဖြစ်စေ၏...တစ်ချိန်ချိန်တွင်တော့တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ပြီးဗ်ုက်ထဲရှိကလေးလေးအားအတူတူမျှော်နေချင်သေးသည်..သို့သော်၎င်းကစိတ်ကူးသက်သက်မျှသာဖြစ်ပေ၏..

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now