Chapter 13+14 ( Unicode )

6.8K 810 26
                                    

Chapter 13

လင်းယွီသူ့မျက်လုံး​တွေကိုဖွင့်ကြည့်လိုက်တော့သူ့ဘေးက ကုတင်ကဗလာဖြစ်နေသည်


မနေ့ညကရှန်းရှိန်းအိမ်မပြန်မလာဘူး...
ငါအိပ်မက်မက်နေတာလား

မဟုတ်ဘူး...သေချာပေါက် အိပ်မက်မဟုတ်ဘူး

လင်းယွီသည်အမှိုက်ပုံးထဲက BYT ကိုတွေ့လိုက်ရသည်

မနေ့ညကပြန်ရောက်လာတော့ရှန်းရှိန်းကသူ့အပေါ်
အရမ်းနူးညံ့ခဲ့တယ်

သူကရှက်ရွှံ့နေသော်လည်းအလွန်အိပ်ချင်နေသောကြောင့်
မနိုးလာခဲ့ခြင်းသာဖြစ်ပေလိမ့်မည်
( သူတို့papapaကြပါတယ်...
လင်းယွီကအိပ်ပျော်နေလို့အိပ်မက်လိုလိုဖြစ်နေတာပါ)

.....

နေ့ခင်းဘက် လင်းယွီကျူရှင်သင်နေသည့်အချိန်တွင်
သူအနည်းငယ် စိတ်ရှုပ်သွားထွေးနေရသည်

ဖူ့ရှီဝိန်ကသူ့မက်ဆေ့ချ်အားအကြောင်းပြန်မပြန်ကို Wechat ထဲ၌
သူတစ်ချက်တစ်ချက်ကြည့်နေလိုက်သည်

ဝမ်းနည်းစရာကတော့မည်သည့်အသိပေးချက်မှပေါ်လာခဲ့
ခြင်းမရှိပေ

" ရှောင်လင်လောင်ရှီး...အချစ်နဲ့တွေ့နေပြီလား "

ဝမ်ရှင်းရှင်းကတိတ်ဆိတ်နေရာမှမေးခွန်းထုတ်လာသည်

"ကျနော့်အစ်မလည်းအဲ့ဒီလိုပဲ...သူ့ဖုန်းကိုခဏခဏပြန်ပြန်
ကြည့်နေတာ "

ဝမ်ရှင်းရှင်းသည်မူလတန်းကျောင်းတွင်တက်ရောက်နေပြီး
အလွန်ပင်ဉာဏ်ကောင်းလှသည်

လင်းယွီကမပြုံး၍မနေနိုင်တော့ပဲပြောလိုက်သည်
"ကျန်တဲ့ကျောင်းသားတွေကအိမ်စာကို
မြန်မြန်လေးလုပ်...ဒီညမင်းကတော့သင်္ချာပုစ္ဆာသုံးပုဒ်တွက်ပြီးမှပြန်ရမယ် "

ကျောင်းသားငယ်လေးကခေါင်းကိုကိုင်ပြီး
သက်ပြင်းချလိုက်တယ်

"ဘာလို့လဲ...ဒီနေ့တစ်နေ့လုံးအိမ်စာတွေအများကြီး
ရေးနေရတော့မပြီးနိုင်တော့ဘူးလေ "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now