Chapter 45+46( Zawgyicode )

3.3K 151 3
                                    

Chapter. 45.သူ့ကိုကောက်နေပုံပဲ

ချိန်ချိန် (程程)၏မိခင်နှင့် ယွီယွီ(榆榆)၏မိခင်တို့ကဆေးရုံတွင်တွေ့ဆုံကြသည်
( ဒီ(程-ချိန်)က အန်းချိန်ရဲ့ (澄-ချိန်)နဲ့မတူပါဘူးနော် )

သူတို့နှစ်ဉီးသားဆန့်ကျင်ဘက်တစ်ဖက်
တစ်ချက်ဆီတွင်ရှိနေကြပြီးတစ်ဉီးနှင့်တစ်ဉီးရင်းနှီးပြီးသားဖြစ်သော်လည်းဆေးရုံတွင်တိုက်ဆိုင်စွာပင်နောက်တစ်ကြိမ်ပြန်လည်
တွေ့ဆုံကြခြင်းဖြစ်၏

" တိုက်ဆိုင်လိုက်တာ "
ချိန်ချိန်၏မိခင်ကသက်ပြင်းချကာပြော၏

ယွီယွီ၏မိခင်က
" ချိန်ချိန်အအေးမိသွားလို့လား "

" ဟုတ်တယ် ..ဒီကလေးကလူကိုရူးအောင်အရမ်းလုပ်တတ်တယ်...သူကမနေ့ညကချွေးတွေအရမ်းထွက်နေတာက်ိုရေချိုးလိုက်လို့အအေးမိသွားတာလေ "

ယွီယွီ၏မိခင်လက်ထဲတွင်ကလေးငယ်လေး
တစ်ဉီးကိုပွေ့ချီထား၏
" ကျမလည်းမနေ့ညသတိလက်လွတ်ဖြစ်သွားလို့ကလေးကအအေးမိသွားရတာလေ..
ကံကောင်းလို့အရမ်းနေမကောင်းမဖြစ်သွားဘဲ
အပေါ်ယံလောက်ပဲနေမကောင်းဖြစ်သွားတာ "

သူမ၏လက်ထဲရှိကလေးငယ်လေးကအလွန်ပင်နူးညံ့သိမ်မွေ့ပြီးသေးကွေးနေ၏

သူ၏အသွင်အပြင်ကဖြူဖွေးသောကြွေရုပ်လေး
သဖွယ်ဖြစ်နေကာသေးငယ်သောမျက်နှာလေးပေါ်တွင်ကြည်လင်ဝိုင်းစက်ကာကြီးမားသောမျက်လုံးတစ်စုံ...ရေလက်လေးသဖွယ်တဖျပ်ဖျပ်ခတ်နေသောရှည်လျားနေသည့်မျက်တောင်မွှေးရှည်လေးများရှိနေ၍သူ့မိခင်၏ရင်ခွင်ထဲသို့
ရှက်ရှက်နှင့်တိုးဝင်နေသည်

ထိုကလေးငယ်လေးကအလွန်လှပကာဆွဲဆောင်မှုရှိတာကြောင့် ချိန်ချိန်၏မိခင်ကသကြားလုံးတစ်ထုပ်အားထုတ်လိုက်ကာ

" ယွီယွီ...ရှောင်ယွီလေးကြီးလာရင် ချိန်ချိန်ရဲ့ဇနီးလုပ်မလား "

ယွီယွီကသူ၏လှပသောမျက်တောင်လေးများကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်
" မကောင်းပါဘူး "

ချိန်ချိန်၏မိခင်ကဝမ်းသာအားရရယ်မောရင်း
နှုတ်မှလည်း " ဘာဖြစ်လို့လဲ "ဟုမေးနေခဲ့၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now