Chapter 69(Uni)

8K 882 84
                                    

သူကကျနော့်ရဲ့ဇနီး( သူကကျနော့် ရဲ့ ရှီဖူအာ )



" အားယွီ..ကိုယ်ပြန်လာပြီ "

ဖူ့ရှီဝိန်ကသူ့ကုတ်အင်္ကျီအားချွတ်လိုက်ပြီး cloakroom ထဲထည့်ကာချိတ်ထားလိုက်ပြီး ဆိုဖာနားသို့ဖြည်းညင်းစွာလျှောက်သွားလိုက်သည်။သူက ဆိုဖာပေါ်တွင်အိပ်မောကျနေသောကောင်ကလေးကိုနူးနူးညံ့ညံ့လေးစိုက်ကြည့်လိုက်၏။

သူခေါင်းကိုငုံ့လိုက်ပြီး ထိုကောင်လေးကိုနမ်းလိုက်ကာ ညင်သာစွာပွေ့ချီလိုက်ရင်း ကုတင်ပေါ်သို့တင်ပေးလိုက်သည်။

ယုန်ငယ်လေးက သူ့ဘေးနားသို့ရောက်လာကာထိုင်ရင်းနှင့်ပင် ဖူ့ရှီဝိန်အားကြည့်ပြီးအသံပြုလိုက်၏။

ဖူ့ရှီဝိန်က သူ့နှုတ်ခမ်းပါးလေးအပေါ်လက်ညိုးတစ်ချောင်းတင်လိုက်ပြီး
" ရှူး...အဲ့လိုမလုပ်နဲ့..အားယွီအိပ်ပျော်နေပြီ "
သူတိုးတိုးလေးပြောလိုက်သည်။

ယုန်ကလေးကသူ့ကိုစိုက်ကြည့်ပြီးခုန်ထွက်သွားလေ၏။

သူ အိပ်ခန်းတံခါးအားဖြည်းညင်းစွာပိတ်လိုက်ပြီးယုန်ငယ်လေးနောက်သို့လိုက်လာလိုက်သည်။

" ဒီနေ့ဘာစားချင်လဲ..မြက်ခြောက် ဒါမှမဟုတ် အသီးတစ်ခုခုလား..မဟုတ်ရင်လဲ...တစ်ခြားတစ်ခုခုစားချင်သေးလား "

ယုန်ငယ်လေးကနှစ်ကြိမ်မြောက်အသံပြုလိုက်၏။

ဖူ့ရှီဝိန်က ယုန်လှောင်အိမ်အနားသို့လျှောက်သွားလိုက်ပြီး ယုန်ငယ်လေးစားပြီးသမျှစားကြွင်းစားကျန်များကို မြက်ခြောက်များ ရေအသစ်များနှင့်အစားထိုးကာလဲလှယ်ပေးလိုက်သည်။

ယုန်ငယ်လေးကမြက်ခြောက်ကိုစားပြီး ကျေနပ်ဟန်ဖြင့်သူ့နားရွက်ကိုလှုပ်လို့နေသည်။

ထိုအချိန် တစ်စုံတစ်ယောက်ကသူ့အိမ်တံခါးကိုခေါက်လာသည်။

" ရှီဝိန်..မင်းအိမ်မှာရှိလား "
မစ္စလန်၏အသံက အိမ်အပြင်ဘက်မှပေါ်ထွက်လာခဲ့၏။

သူ တံခါးကိုဖွင့်ပေးလိုက်သည်။

" မား ဘာလို့ဒီလောက်နောက်ကျနေတဲ့အချိန်မှရောက်လာရတာလဲ..အားယွီကအိပ်ပျော်နေပြီ..တစ်ခုခုပြောစရာရှိရင်လည်းအပြင်ထွက်ပြီးမှပြောရအောင်.သူ့ကိုမနှိုးမိစေနဲ့ "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now