Chapter 72 (Zawgyi)

4.2K 169 2
                                    

သူကျနော့်ကိုဘယ်တော့မှခွင့်လွှတ်မှာဟုတ်ဘူး




ကျီ့ခယ်းရောက်လာသည့်အခါတွင် ကျီ့ရွှမ်ရွှမ်က ဟိုတယ်တံခါးဝ၌တစ်ယောက်တည်းရှိနေသည်ကိုတွေ့လိုက်ရလေသည်။

'' ပါး "
ကျီ့ရွှမ်ရွှမ်က ကျီ့ခယ်းကိုမြင်တော့ ကမ်းခြေစီးဖိနပ်ဖြင့်အပြေးလေးလာလိုက်၏။

သူ ရွှမ်ရွှမ် လေးအားပွေ့ဖက်လိုက်ပြီး
" အန်ကယ်လုနဲ့ဘာကြောင့်အတူရှိမနေရတာလဲ "

ကျီ့ရွှမ်ရွှမ်က အဆူခံရမှာစိုး၍ မျက်နှာငယ်လေးလုပ်လိုက်ကာ
" ကျနော်က တူတူပုန်းတမ်းကစားမလို့ဟာကို "

ကျီ့ရွှမ်ရွှမ် အားကြည့်ရင်းသူ့ရင်ထဲမှပူလောင်နေသော်လည်း ကံကောင်းစွာနှင့် ဤကလေးက ဆိုးသွမ်းသည့်လူများအစားကြင်နာတတ်သူတစ်ဉီးနှင့်တွေ့ခဲ့ရကာ ပြန်ပို့ခြင်းခံခဲ့ရလေ၏။

သူကျီ့ရွှမ်ရွှမ်အားဖက်ထားရာမှမျက်နှာချင်းဆိုင်ပွေ့ချီလိုက်ကာ " နောက်တစ်ခါဒီလိုပြေးလွှားပြီးမဆော့နဲ့တော့ကြားလား "

" ဟုတ် "
ကျီ့ရွှမ်ရွှမ်က လေးလေးနက်နက်ပြန်ဖြေ၏။

ကောင်လေးကစိတ်လှုပ်ရှားစွာနှင့်ပင်
" ပါး...ကျနော်ဟိုးအရင်တစ်ခေါက်ကတွေ့ခဲ့တဲ့ အရမ်းကြည့်ကောင်းတယ်ဆိုတဲ့ဉီးဉီးကိုပြန်
တွေ့ခဲ့တယ် "

ကျီ့ခယ်းက ထိုကလေးမည်သူအားပြောနေသည်ကိုမသိသော်လည်း ကျီ့ရွှမ်ရွှမ် ၏ခန္ဓာကိုယ်ပေါ်ရှိအင်္ကျီပွပွကြီးကိုကြည့်ကာ
" ဒါက မင်းပြောတဲ့အဲ့ဒီဉီးဉီးရဲ့အင်္ကျီလား "

" အန်း " ကျီ့ရွှမ်ရွှမ်က ခေါင်းကိုညိတ်ကာပြောသည်။

"အဲဒီဦးလေးကထွက်သွားပြီလား "
ကျီ့ခယ်းက ထိုမျှလောက်ထိကြင်နာသည့်လူအားသူကိုယ်တိုင်ကျေးဇူးတင်ချင်ခဲ့၏။

"ဦးဉီးကဟိုမှာ " ကျီ့ရွှမ်ရွှမ်က လက်ညှိုးထိုးပြလိုက်သည်။

ကျီ့ခယ်းက ခေါင်းကိုမြှောက်လိုက်ပြီး ကျီ့ရွှမ်ရွှမ် ညွှန်ပြရာသို့ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလိုသူ့ကိုယ်က တစ်ခဏလောက်တော့အေးခဲသွားသည်။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now